A d v e r t i s e m e n t With Us

ဂျပန်ရေပြင်ပိုက်နက် ထိစပ်ဇုန်နားသို့ တရုတ်နှင့် ရုရှားရေတပ်သင်္ဘောများ ရောက်ရှိ

တရုတ်ရေတပ် ဖရီးဂိတ်ရေယာဉ်တစီးဟာ အရှေ့တရုတ်ပင်လယ်ထဲက ဆင်ကကုကျွန်းတွေအနီး ဂျပန်ပိုင်နက် အပြင်ထိစပ်ဇုန်နားကို ၀င်ရောက်ခဲ့တယ်လို့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး မရိမ်းတပ်ဖျက်သင်္ဘောက အတည်ပြုကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကျွန်းတွေကို တရုတ်နဲ့ ထိုင်ဝမ်က ပိုင်ဆိုင်တယ်ဆိုပြီး အငြင်းပွားနေပြီး လက်ရှိ ဂျပန်နိုင်ငံက ထိန်းချုပ်ထားပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲက မျှော်လင့်မထားတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့  ပြင်ဆင်ထားကြဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ အေဂျင်စီတွေကို ညွှန်ကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတချို့ကိုလည်း အနီးကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ သူက တောင်းဆိုခဲ့ပါတယ်။ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာကီတာကာ ဆိုင်ကီက ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ယုံဟွာကို နိုင်ငံခြားရေးဝန်ကြီးရုံးကို ဆင့်ခေါ် ကန့်ကွက်ခဲ့ပါတယ်။ တရုတ် ဖရီးဂိတ်စစ်သင်္ဘောဟာ မနက် ၁ နာရီခန့်မှာ ရောက်ရှိပြီး မနက် ၃ နာရီမှာ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။ တရုတ်ကင်းလှည့်ရေယာဉ်တွေကတော့ ဂျပန်ရေပြင်ပိုင်နက်အစပ် အပြင်ဘက်မှာ မကြာခန လာရောက်လေ့ရှိပြီး တရုတ်ရေတပ် ဖရီးဂိတ်သင်္ဘောကတော့ ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။ ရုရှားရေတပ်က ဖျက်သင်္ဘောတစီး၊ ထောက်ပံ့ရေးသင်္ဘောတစီး အပါအ၀င် ရေတပ်သင်္ဘော ၃ စင်းဟာလည်း ဒီကနေ့မနက် ၁ နာရီခန့်က ၀င်ရောက်လာကြောင်းနဲ့ ဆင်ကာကူးကျွန်းအနီးမှာ တောင်ကနေ မြောက်ကို မောင်းနှင်ပြီးနောက် မနက် ၃ နာရီမှာ ပြန်လည်ထွက်ခွာသွားကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်ရေတပ်နဲ့ ရုရှားရေတပ်သင်္ဘောတွေ ဒီနေရာကို ၀င်ရောက်လာမှုအကြား အဆက်အစပ်ကို ဂျပန်အစိုးရက သုံးသပ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up