ပင်လည်ဘူးမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် လူ၂ ဦးသေဆုံး




499
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် မြေလင်းဒေသမှာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် လူ ၂ ဦးသေဆုံးပြီး အဆောက်အဦအချို့ ပျက်စီးသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၉ ရက်က ပင်လည်ဘူးမြို့နယ် မြေလင်းဒေသရှိ ခံစားချောင်းရေလျှံမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံးသွားတာဖြစ်ပြီး လူနေအိမ်တစ်လုံးနဲ့၊ အိမ်ဈေးဆိုင်ခန်းတွေ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ မုခ်ဦးနဲ့ ကျေးရွာ အထကကျောင်း အုတ်နံရံ ပြိုကျသွားတယ်လို့လည်း ဆိုပါတယ်။