A d v e r t i s e m e n t With Us

ကွမ်းနည်းတူ လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် အရက်ကို ထိန်းချုပ်စေလို

အစိုးရအနေနဲ့ ကွမ်း၊ လောင်းကစား၊ မူးယစ်ဆေးဝါး၊ အရက်သေစာတွေကို ထိထိရောက်ရောက် ထိန်းချုပ်ပေးဖို့ သဘောထားစစ်တမ်းတခုက ဖော်ပြတိုက်တွန်းပါတယ်။ နိုင်ငံတော်သမ္မတရုံးက သဘောထားစစ်တမ်းကောက်ယူချက်ကို တုံ့ပြန်ကြတဲ့ ပြည်သူတွေက သဘောထား ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၈ ရက်နေ့က နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှာ ကွမ်းစားသုံးမှု လျှော့ချရေးနဲ့ ကွမ်းတံတွေး စည်းကမ်းမဲ့ထွေးမှု ပပျောက်ရေး လူထုသဘောထား တောင်းခံမှုမှာ အုပ်စုတွေ ခွဲပြီး မေမြန်းထားပါတယ်။ အုပ်စု (၁) လုံးဝ ထောက်ခံပါသည်။ အုပ်စု (၂) မထောက်ခံပါ၊ အုပ်စု (၃) မူဝါဒကို ထောက်ခံသည်။ သို့သော် လုပ်နည်း မထောက်ခံပါ။ (ဥပမာ - ကွမ်းတံတွေး စည်းကမ်းမဲ့ ထွေးခြင်းကို ထိန်းချုပ်သည်ကို လက်ခံသော်လည်း ကွမ်းယာဆိုင်ပိတ်သိမ်းခြင်းကို မထောက်ခံပါ)၊ အုပ်စု (၄) ကွမ်းနှင့်အတူ လောင်းကစား၊ မူးယစ်ဆေးဝါး၊ အရက်သေစာများကို ထိထိရောက်ရောက် ထိန်းချုပ်ပေးစေလိုပါသည်။ အုပ်စု (၅) ထောက်ခံ၊ မထောက်ခံ မှတ်ချက် မပေးလိုပါ။ ဆိုပြီးအုပ်စု ငါးစု ခွဲထားပါတယ်။ မဲအရေအတွက်စုစုပေါင်း ၄၁၈၁ မဲရရှိတဲ့အနက်  အုပ်စု (၄) မှာ မဲအရေအတွက် ၁၉၅၄ မဲ (၄၇ ရာခိုင်နှုန်း)၊ အုပ်စု (၃) မှာ မဲအရေအတွက် ၁၁၄၁ မဲ (၂၇ ရာခိုင်နှုန်း)၊ အုပ်စု (၁) က မဲအရေအတွက် ၉၆၇ မဲ (၂၃ ရာခိုင်နှုန်း)၊ အုပ်စု (၂) က မဲအရေအတွက် ၁၀၇ မဲ (၃ ရာခိုင်နှုန်း) အသီးသီးရကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up