A d v e r t i s e m e n t With Us

နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်က ရှာရာပိုဗာကို ကစားခွင့် ၂ နှစ်ပိတ်ပင်

ဓာတ်ပုံ - ရိုက်တာ
တင်းနစ်မယ် မာရီယာ ရှာရာပိုဗာကို တားမြစ်ဆေး သုံးစွဲမှုနဲ့ နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်က ကစားခွင့် ၂ နှစ် ပိတ်ပင်လိုက်ပါတယ်။ ရုရှားတင်းနစ်မယ်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလက သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေး တွေ့ရှိခဲ့တာပါ။ အသက် ၂၉ နှစ်အရွယ် ရှာရာပိုဗာကတော့ Meldonium ဆေးကို ကျန်းမာရေးအတွက် ၂၀၀၆ ခုနှစ်ကတည်းက သုံးစွဲလာတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ တင်းနစ်ကစားခွင့် ပိတ်ပင်မှုဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်နေ့မှာ စတင် အကျုံးဝင်ပါတယ်။ ရှာရာပိုဗာကတော့ ၂ နှစ် ကစားခွင့် ပိတ်ပင်တဲ့အပေါ်မှာ အယူခံဝင်သွားမယ်လို့ ဆိုထားပါတယ်။ တားမြစ်ဆေး သုံးစွဲတဲ့အတွက် ကုမ္ပဏီတချို့က စပွန်ဆာပေးထားတာကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ ရုရှားတင်းနစ်မယ်ဟာ ကမ္ဘာ့နံပါတ်တစ် ဖြစ်ခဲ့ဖူးပြီး ဂရန်းစလန်း ဆုဖလား ၅ ခု ရရှိထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up