အမေရိကန် အင်နီမေးရှင်းဇာတ်ကားကို ကိုယ်စားပြုသည့် ဘောင်းဘီဝတ် အီရန်ဂိုးသမား ၆ လ ပွဲပယ်ခံရ

SpongeBob SquarePants ဆိုတဲ့ အမေရိကန် အင်နီမေးရှင်း ရုပ်သံဇာတ်လမ်းတွဲ ကိုယ်စားပြုတဲ့ ဘောင်းဘီရှည် ၀တ်ဆင်လို့ အီရန်ဂိုးသမား ဆိုဆာမာကီနီကို ၆ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ကလပ် ပါဆီပိုလစ်အတွက် ပွဲမကစားမီ မေ ၆ ရက်က အသက် ၂၉ နှစ်အရွယ် မာကီနီက လူမှုကွန်ရက်ပေါ်မှာ ဒီဘောင်းဘီရှည် ၀တ်ဆင်ထားတဲ့ပုံကို တင်ခဲ့ပါတယ်။
အီရန်မီဒီယာတွေက မာကီနီ ဘောင်းဘီရှည်ကို အမေရိကန် အင်နီမေးရှင်းက ဇာတ်ကောင်နဲ့ ချိတ်ဆက် ခိုင်းနှိုင်းရေးသားပါတယ်။
မာကီနီရဲ့ ၀တ်စားဆင်ယင်မှုဟာ ပိတ်ပင်ရတဲ့ အကြောင်းအရင်းတရပ် ဖြစ်တယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
အီရန်မှာ အ၀တ်အစား ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ ဥပဒေရှိသလို အီရန်ကျောင်းသား အေဂျင်စီက မသင့်တော်တဲ့ အပြုအမှုအတွက် ချမှတ်တာလို့ ထုတ်ပြန်ပါတယ်။
ဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်တယ်လို့ ဆိုပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ကစားခဲ့တဲ့ မာကီနီဟာ အရင်ကလည်း အမျိုးသမီးတွေနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ပုံ ပေါက်ကြားသွားလို့ အကျဉ်းထောင်ကို ပို့ဆောင်ခံရပါတယ်။
သွေးမတော်သားမစပ် အမျိုးသား၊ အမျိုးသမီးတွေ ရောထွေးတာကို အီရန်ဥပဒေက တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။