သမီးကို ပြန်ပေးဆွဲရန် ကြိုးစားသူအား ပြန်လည်တိုက်ခိုက်သည့် မိခင် (ရုပ်သံ)

5.2K
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ၁၃ နှစ်သမီးကို ပြန်ပေးဆွဲဖို့ ကြိုးစားတဲ့ အမျိုးသားတဦးကို မိခင်ဖြစ်သူက ပြန်တိုက်ခိုက်ခဲ့မှု ဇွန် ၇ ရက်က ဖြစ်ခဲ့ပါတယ်။
ဟာနန်ဒိုမြို့က ဒေါ်လာဂျင်နရယ် စတိုးဆိုင်ထဲမှာ ဈေးဝယ်ထွက်နေတဲ့အချိန် အခင်းဖြစ်ပွားပုံကို စတိုးဆိုင်ရဲ့ လုံခြုံရေး ကင်မရာက ရိုက်ကူးထားတဲ့ ရုပ်သံဟာ အင်တာနက်ပေါ်မှာ ဟိုးလေးတကျော် ဖြစ်ခဲ့တာပါ။
စီးထရပ်စ်မြို့နယ် ငြိမ်ဝပ်ပိပြားရေးရုံးက ဒီရုပ်သံကို သူ့ရဲ့ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် တင်ခဲ့ရာက ဇွန် ၈ ရက် မွန်းလွဲပိုင်းမှာ ကြည့်ရှုသူ ၁ ဒသမ ၅သန်းထိ ရောက်ခဲ့ပြီး လူ ၂ သောင်း ၄ ထောင်က ထပ်ဆင့် မျှဝေခဲ့ကြပါတယ်။
ဆယ်ကျော်သက်ရဲ့ မိခင်က မိန်းကလေးကို ပြန်ပေးဆွဲဖို့ ကြိုးစားတယ်လို့ သံသယရှိသူ အသက် ၃၀ အရွယ် ခရက် ဘိုနဲလိုဆီကနေ မိန်းကလေး ပြန်လွတ်အောင် ကြိုးစားခဲ့ပုံကို ရုပ်သံထဲမှာ မြင်ရပါတယ်။
နောက်ဆုံးမှာ ဘိုနဲလိုက မိန်းကလေးကို လွှတ်ပေးပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တာပါ။
ဒါပေမယ့် ယာဉ်ရပ်နားစခန်းထဲမှာ တာဝန်ချိန်ပြင်ပ ရဲအရာရှိ ဂျိုနသန် ဘာနန်နဲ့ တိုးခဲ့ပါတယ်။
ဒီလူဟာ စတိုးဆိုင်ထဲက လူတိုင်းရှေ့မှာ ကလေးကို ပြန်ပေးဆွဲဖို့ တကယ့်ကို ရည်ရွယ်ခဲ့တယ်လို့ တပ်ကြပ်ကြီး ခရက် ကော်လာဟန်က ကြေညာချက် ရေးသား ထုတ်ပြန်ပါတယ်။
ဘိုနဲလိုဟာ အလွဲသုံးစားလုပ်မှု၊ ပြန်ပေးဆွဲဖို့ အားထုတ်မှုတွေနဲ့ စွဲချက်တင်ခံရပြီး ဇွန်လ ၂၇ ရက်နေ့မှာ တရားဝင် ရုံးတင် တရားစွဲဖို့ စီစဉ်ထားတယ်လို့ စီးထရပ်စ်မြို့နယ် တရားရုံးက ဆိုပါတယ်။