A d v e r t i s e m e n t With Us

ယူရိုပြိုင်ပွဲအကြို ခြေစမ်းပွဲတွင် ပေါ်တူဂီ ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)

ဇွန်လ ၈ ရက်နေ့ ညက ယှဉ်ပြိုင်သွားတဲ့ ခြေစမ်းပွဲစဉ်မှာ ပေါ်တူဂီက အိမ်ကွင်းမှာ အက်စတိုးနီးယားကို ၇ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး ရော်နယ်ဒိုက ၁၀ မိနစ်အတွင်းမှာ ၂ ဂိုး သွင်းယူပါတယ်။ အခုပွဲစဉ်ဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုအတွက် ပြီးခဲ့တဲ့လက ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ ပထမဆုံး ပြန်ကစားတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုကို ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ပေမယ့် ဒဏ်ရာရှိတဲ့ လက္ခဏာတော့ ပြသခြင်း မရှိပါဘူး။ ပေါ်တူဂီအသင်းဟာ ယူရိုပြိုင်ပွဲ အုပ်စု အက်ဖ်မှာ ပါဝင်နေပြီး အိုက်စလန်၊ သြစတြီးယား၊ ဟန်ဂေရီတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ လာမယ့် ဇွန် ၁၄ ရက်နေ့မှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ပေါ်တူဂီဟာ အိုက်စလန်နဲ့ ယှဉ်ပြိုင်ရမှာပါ။

A d v e r t i s e m e n t With Us

More News
Up