ဂျပန်တွင် တရားမ၀င် Software တင်သည့် ဆယ်ကျော်သက် ဖမ်းဆီးခံရ

1K
ဂျပန်နိုင်ငံက အခပေးကြည့်ရတဲ့ တီဗွီပရိုဂရမ်တွေကို အခမဲ့ကြည့်နိုင်အောင်စီစဉ်ထားတဲ့ တရားမ၀င် software အင်တာနက်ပေါ် လွှတ်တင်ခဲ့တဲ့ ၁၇ နှစ်အရွယ် ဆယ်ကျော်သက်တဦးကို တိုကျိုမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ဂျပန်နိုင်ငံ အနောက်တောင်ဘက် ဆာဂပြည်နယ်မှာ နေထိုင်တဲ့ အဆိုပါ လူငယ်ဟာ ဒီပရိုဂရမ်ကို အင်တာနက်ပေါ်မှာ လွန်ခဲ့တဲ့ တနှစ်ခန့်ကတည်းက လွှတ်တင်ထားတာလို့ ရဲတပ်ဖွဲ့က ပြောဆိုချက်ကြောင်း ဂျပန် အန်အိပ်ခ်ျကေသတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။
စစ်ဆေးဖော်ထုတ်သူတွေအဆိုအရ ငွေပေးကြည့်ရတဲ့ တီဗွီပရိုဂရမ်တွေကို အခမဲ့ကြည့်လိုသူတွေအနေနဲ့ ဒီ software ကို ကွန်ပျူတာမှာ ဒေါင်းလုပ်ပြီး တီဗွီကုတ်ထည့်သွင်းကြည့်ရှုနိုင်တာလို့ သိရပါတယ်။
ဒီပရိုဂရမ်ကို လူငယ်ကိုယ်တိုင် ဖန်တီးယူခဲ့တယ်လို့ ရဲတပ်ဖွဲက ယုံကြည်နေပါတယ်။ အဆိုပါ ကလေးက သူ့အနေနဲ့ ရှေ့နေမပါဘဲ မေးမြန်းတာ ဖြေကြားဖို့ငြင်းဆိုတယ်လို့ ရဲက ပြောပါတယ်။