A d v e r t i s e m e n t With Us

တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ပင်လုံဆိုင်ရာညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (ရှမ်းပြည်တပ်မတော်တောင်ပိုင်း)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (ရှမ်းပြည်တပ်မတော်မြောက်ပိုင်း)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (ကချင်လွတ်လပ်ရေးတပ်မတော်) တို့က ထိပ်သီးခေါင်းဆောင်တွေဟာ  ထိုင်းနိုင်ငံချင်းမိုင်မှာ ‘ပင်လုံဆိုင်ရာ ညှိနှိုင်းအစည်းအဝေး’ ကျင်းပနေပါတယ်။ မနေ့ကစတဲ့အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်  ဦးဆောင်ကျင်းပရန်ရှိတဲ့ ၂၁ ရာစု ပင်လုံညီ လာခံဆိုင်ရာ ကိစ္စကို ညှိနှိုင်းကြတာဖြစ်တယ်လို့ taifreedom  သတင်းမှာ ဖော်ပြပါတယ်။ ဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ ရလဒ်တွေကိုလည်း  ထုတ်ပြန်ကြေညာမယ်လို့ဆိုပါတယ်။ အစည်းအဝေးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၆ ဦး ၊ ရှမ်းပြည်တိုးတက်ရေးပါတီဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် စိုင်းထူး ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ဦး၊ ကချင်လွတ်လပ်ရေးအဖွဲ့ ဒုဥက္ကဌ - ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ အဖွဲ့ဝင်ပေါင်း ၁၅ ဦး တက်ရောက်ကြပါတယ်။ သတင်းနှင့်ဓာတ်ပုံ - taifreedom  

A d v e r t i s e m e n t With Us

More News
Up