A d v e r t i s e m e n t With Us

ယူရို ၂၀၁၆ ဘောလုံးပွဲ လောင်းကစားသမားများကို ထိုင်းရဲ နှိမ်နင်းမည်

ဇွန် ၁၀ ရက်မှာ စတင်မယ့် ယူရို ၂၀၁၆ ဘောလုံးပွဲမှာ လောင်းကစားတာတွေကို ထိုင်းနိုင်ငံတ၀န်း နှိမ်နင်းသွားမှာ ဖြစ်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ ချာလန်ကစ်ဆရီဝေါလ်ရခမ်က လောင်းကစား နှိမ်နင်းရေး စင်တာတွေကို နိုင်ငံတ၀န်းမှာ တည်ထောင်ပြီး လောင်းကစားမှုကို နှိမ်နင်းသွားမှာလို့ ပြောကြောင်း ထိုင်းဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။ လောင်းကစားအတွက် ဘယ်လောက်ပြစ်ဒဏ်ကျမယ် ဆိုတာကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ ထိပ်တန်း ရဲအရာရှိတွေနဲ့ ပြောဆိုခဲ့အပြီးမှာ သူက အခုလို နှိမ်နင်းသွားမယ်ဆိုတာကို ကြေညာပါတယ်။ ထိုင်းနိုင်ငံမှာ ဒိုင်တွေဆီ လောင်းတာ၊ တယ်လီဖုန်းနဲ့ လောင်းတာ၊ အင်တာနက်တွေကနေတဆင့် လောင်းတာတွေကို တားမြစ်ထားပါတယ်။ အရင်နှစ်တွေကလည်း ထိုင်းမှာ ဘောလုံးပွဲလောင်းတာတွေကို ဖမ်းဆီးအရေးယူမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူတွေကိုလည်း လောင်းကစားတဲ့ လုပ်ရပ်တွေကို သိရင် သတင်းပေးဖို့လည်း ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။ လောင်းကစားတဲ့ ရဲတွေကိုလည်း စည်းကမ်းအရ အရေးယူပြီး တရားဥပဒေနဲ့အညီ စွဲဆိုသွားမယ်လို့ ဆိုပါတယ်။ ချင်းမိုင်၊ ဥဒုံဌာနီ၊ ဒုဘွန်ရပ်ချသာနီတွေမှာလည်း လောင်းကစားနှိမ်နင်းရေး စင်တာတွေကို တည်ထောင်သွားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up