A d v e r t i s e m e n t With Us

စင်ကာပူ ၀န်ကြီးချုပ် ညစာ စားပွဲဝိုင်းပေါ်ရောက် ကြက်ကာလသားချက်

မြန်မာနိုင်ငံကို ၃ ရက် အလည်အပတ်ခရီးရောက်ရှိနေတဲ့ စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းကို  ဇွန် ၇ ရက်နေ့ညစာစားပွဲမှာ ကာလသားချက်နဲ့ တည်ခင်းဧည့်ခံ့ပါတယ်။ မြန်မာ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တည်ခင်းတဲ့ ညစာစားပွဲ စားသောက်ဖွယ် စာရင်းမှာ မြန်မာ ကြက်ကာလသားချက် ပါဝင်နေတယ်လို့ စင်ကာပူ ချာနယ်နယူးသတင်းက ရေးပါတယ်။ စင်ကာပူ ၀န်ကြီးချုပ်က ညစာစားပွဲမှာ ဒီဟင်းကို မြည်းစမ်းကြည့်မကြည့်ဆိုတာကိုတော့ သတင်းမှာ ထည့်သွင်းရေးသားခဲ့ခြင်း မရှိပါဘူး။ ညအချိန်မှာ ကာလသားတွေ စုပြီး စကားစမြည်ပြောဆိုဖို့ ကြက်ကာလသားချက်ကို ချက်စားလေ့ရှိပါတယ်။ တချို့ကတော့ ကြက်ကို တနေရာကနေ ခိုးယူပြီး ချက်စားလေ့ရှိပါတယ်။ တခြားဟင်းလျာတွေလို သင့်တင်လျောက်ပတ်တဲ့ သတ်မှတ်စံနှုန်းတွေနဲ့ မချက်ပဲ အရည်သောက်အနေနဲ့ ချက်စားကြတဲ့ ဟင်းလျာတမျိုးလည်း ဖြစ်ပါတယ်။ ဒီဟင်းလျာဟာ ဒီနေ့ ဒီအချိန်မှာတော့ လူသိများလာသလို စားသောက်ဖွယ်ရာ စာရင်းမှာ ပါဝင်လာတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up