ကိုပါအမေရိကဖလား ကိုလံဘီယာ ၂ – ၁ ပါရာဂွေး (ရုပ်သံဟိုက်လိုက်)

ဇွန် ၈ ရက် မနက်ပိုင်းမှာ ကစားခဲ့တဲ့ ကိုပါအမေရိက အုပ်စု က ပွဲစဉ်မှာတော့ ကိုလံဘီယာအသင်းက ပါရာဂွေးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ကိုလံဘီယာအသင်းအတွက် ဂိုးတွေကိုတော့ ပထမပိုင်း ၁၂ မိနစ်မှာ ကားလို့စ်ဘာကာက သွင်းယူပါတယ်။ ဒီနောက် မိနစ် ၃၀ မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ဒုတိယဂိုး သွင်းယူပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ပါရာဂွေးရှေ့တန်းတွေ ဘောလုံးပေးပို့မှု လွဲချောတာတွေ ရှိနေတဲ့အတွက် ကိုလံဘီယာဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ ကိုလံဘီယာအသင်းရဲ့ ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ဒုတိယပိုင်း ၇၁ မိနစ်မှာ ပါရာဂွေးက ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ပါတယ်။ ၈၁ မိနစ်မှာတော့ ပါရာဂွေးကစားသမား ရိုမီယို ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီပွဲမှာ ပါရာဂွေးအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် ကိုလံဘီယာက ဂိုးကန်သွင်းခွင့် ပိုမိုရရှိခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့အတွက် ကိုလံဘီယာအသင်းက ၂ ပွဲကစား ၂ ပွဲနိုင်နဲ့ အုပ်စု ပထမ၊ အမေရိကန်က ၂ ပွဲကစား ၁ ပွဲနိုင်နဲ့ အုပ်စု ဒုတိယ၊ ပါရာဂွေးကတော့ ၂ ပွဲကစား ၁ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ အုပ်စု တတိယ၊  ကော့စတာရီလည်း ၂ ပွဲကစား ၁ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ အုပ်စု စတုတ္ထနေရာကနေ ရပ်တည်နေပါတယ်။ ကိုလံဘီယာဟာ အုပ်စုတွင်း ၆ မှတ် ရရှိထားလို့ ဒုတိယအဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up