အဲဗာတန် နည်းပြသစ်အဖြစ် ရော်နယ် ကိုးလ်မန်းကို ခန့်အပ်
ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းက နည်းပြသစ်အဖြစ် ရော်နယ် ကိုးလ်မန်းကို ခန့်အပ်ဖို့ သဘောတူညီချက် ရသွားပါတယ်။
အဲဗာတန်အသင်းက နည်းပြ ကိုးလ်မန်းကို ပြိုင်ဘက် ဆောက်သမ်တန်အသင်းကနေ ပေါင် ၅ သန်း လျော်ကြေးပေးပြီး ခေါ်ယူလိုက်တာပါ။
ဒတ်ခ်ျလူမျိုး ကိုးလ်မန်းဟာ ဆောက်သမ်တန်ကို ၂ နှစ်ကြာ တာဝန်ယူအပြီး လမ်းခွဲလိုက်တာ ဖြစ်ပါတယ်။
အသက် ၅၃ နှစ်အရွယ် ကိုးလ်မန်းကို နည်းပြသစ်အဖြစ် ခန့်အပ်တဲ့အကြောင်း လာမယ့် ဇွန် ၁၀ ရက်နေ့မှာ အဲဗာတန်က အတည်ပြု ထုတ်ပြန်ဖို့ ရှိနေပါတယ်။
အဲဗာတန်အသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီ မပြီးဆုံးခင်မှာ နည်းပြ မာတီနက်ဇ်ကို ထုတ်ပယ်ခဲ့ပြီး နည်းပြလက်မဲ့ဖြစ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။