အဲဗာတန် နည်းပြသစ်အဖြစ် ရော်နယ် ကိုးလ်မန်းကို ခန့်အပ်

ဓာတ်ပုံ - ရိုက်တာ
ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းက နည်းပြသစ်အဖြစ် ရော်နယ် ကိုးလ်မန်းကို ခန့်အပ်ဖို့ သဘောတူညီချက် ရသွားပါတယ်။ အဲဗာတန်အသင်းက နည်းပြ ကိုးလ်မန်းကို ပြိုင်ဘက် ဆောက်သမ်တန်အသင်းကနေ ပေါင် ၅ သန်း လျော်ကြေးပေးပြီး ခေါ်ယူလိုက်တာပါ။ ဒတ်ခ်ျလူမျိုး ကိုးလ်မန်းဟာ ဆောက်သမ်တန်ကို ၂ နှစ်ကြာ တာဝန်ယူအပြီး လမ်းခွဲလိုက်တာ ဖြစ်ပါတယ်။ အသက် ၅၃ နှစ်အရွယ် ကိုးလ်မန်းကို နည်းပြသစ်အဖြစ် ခန့်အပ်တဲ့အကြောင်း လာမယ့် ဇွန် ၁၀ ရက်နေ့မှာ အဲဗာတန်က အတည်ပြု ထုတ်ပြန်ဖို့ ရှိနေပါတယ်။ အဲဗာတန်အသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီ မပြီးဆုံးခင်မှာ နည်းပြ မာတီနက်ဇ်ကို ထုတ်ပယ်ခဲ့ပြီး နည်းပြလက်မဲ့ဖြစ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up