A d v e r t i s e m e n t With Us

စစ်ဘေးရှောင် ကလေးငယ်များ စားရေးသောက်ရေး အခက်တွေ့ (သတင်းဓာတ်ပုံ)

စစ်ဘေးသင့်ဒေသကနေ ပြည်မြို့ သီလရှင်ကျောင်းတခုကို ရောက်လာတဲ့ စစ်ဘေးရှောင်ကလေးတွေ စာသင်ဖို့နဲ့ စားရေးသောက်ရေးအတွက် အခက်အခဲတွေ ဖြစ်နေပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်ဘက်ကနေ စစ်ဘေးသင့်ပြီး မိဘမဲ့ကျောင်းတွေကို အပို့ခံခဲ့ရတဲ့ မိန်းကလေးငယ် ၂၆ ဦးဟာ မန္တလေးမြို့ရှိ ပရဟိတအဖွဲ့ တဖွဲ့ကတဆင့် ပြည်မြို့ မူရာပင်ရပ်ကွက် ရတနာရွှေကူ သီလရှင်ကျောင်းကို ပြီးခဲ့တဲ့ မေလက ရောက်ရှိလာခဲ့ပါတယ်။ အဲဒီ သီလရှင်ကျောင်းကနေ အစိုးရအထက်တန်းကျောင်းမှာ ကျောင်းအပ်နှံခဲ့ရာမှာလည်း မွေးစာရင်း၊ ကျောင်းထွက်လက်မှတ်တွေ မပါတာကြောင့် ကျောင်းတက်ဖို့ ငြင်းပယ်ခံခဲ့ရပါတယ်။ စားဝတ်နေရေးက အဓိက အခက်အခဲဆုံးပဲလို့ ရတနာရွှေကူ သီလရှင်ကျောင်းက ဆရာလေး ဒေါ်နန္ဒမဉ္ဇူက ပြောပါတယ်။ လက်ရှိမှာတော့ သူတို့ကို စေတနာ့ဝန်ထမ်း ဆရာ ၅ ယောက်က အတန်းအလိုက်ခွဲပြီး တာဝန်ယူ သင်ပေးပါတယ်။ သူတို့အများစုက ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတွေကဖြစ်ပြီး ရှမ်း၊ ပလောင် တိုင်းရင်းသားတွေ အများစုဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - မင်းညို  

A d v e r t i s e m e n t With Us

More News
Up