ပါပူဝါနယူးဂီနီတွင် ဆန္ဒပြကျောင်းသားများကို သေနတ်ဖြင့် ပစ်

ဓာတ်ပုံ - ဘီဘီစီ
1K
ပါပူဝါနယူးဂီနီနိုင်ငံ ၀န်ကြီးချုပ် ပီတာအိုနေးလ်ကို ဆန္ဒပြတဲ့ ကျောင်းသားတွေကို ရဲတွေက ဇွန် ၈ ရက်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် ကျောင်းသားတော်တော်များများ ဒဏ်ရာရခဲ့သလို အတည်မပြုနိုင်တဲ့ သတင်းတွေအရ တဦးသေတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။
ပေါပ်မော့စ်ဘီက ကျောင်းဝင်းကနေ ပါလီမန်ကို ကျောင်းသားတွေက ချီတက်ခဲ့တာ ဖြစ်ပါတယ်။
မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသားတော်တော်များများ ထွက်ပြေးခဲ့ကြပါတယ်။
ရိုက်တာသတင်းတပုဒ်မှာတော့ ကျောင်းသား ၁၀ ဦး အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ကျန်းမာရေး အရာရှိကို ကိုးကားပြီး ရေးပါတယ်။
အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေကြောင့် ၀န်ကြီးချုပ်ကို နုတ်ထွက်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။