ဗီလာရီးရဲလ် နောက်ခံလူကို ပေါင် သန်း ၃၀ ဖြင့် မန်ယူ ခေါ်မည်

စပိန်လာလီဂါကလပ် ဗီလာရီးရဲလ်အသင်း နောက်ခံလူ အဲရစ်ဘေလီကို အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်က ခေါ်ယူမှာ ဖြစ်ပါတယ်။ အိုင်ဗရီကို့စ် လက်ရွေးစင်လည်းဖြစ်တဲ့ ဘေလီဟာ မန်ယူနည်းပြအဖြစ် တာဝန်ယူပြီးနောက် မော်ရင်ဟို ပထမဆုံးခေါ်ယူမယ့် ကစားသမားလည်း ဖြစ်လာပါတယ်။ ဒီသီတင်းပတ်အတွင်းမှာ ဘေလီဟာ ဆေးစစ်ခံယူပြီး ပြောင်းရွှေ့မှု ပေါင် ၃၀ သန်းနဲ့ သဘောတူညီခဲ့တာလို့ သတင်းတွေက ရေးပါတယ်။ အသက် ၂၂ နှစ်အရွယ် ဘေလီဟာ လာလီဂါမှာ ပွဲ ၄၀ ပါဝင်ကစားထားပါတယ်။ ဗီလာရီးရဲလ် ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ဘေလီဟာ အဓိကနေရာကနေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေကတော့ ဘေလီဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှု အားကောင်းသလို ဘောလုံးဖျက်ထုတ်ရာမှာ အားသာပေမယ့် တခါတရံ အန္တရာယ်ရှိတဲ့နေရာမှာ ဆုံးဖြတ်ချက်ချတာ မှားယွင်းပြီး ဖိအားအောက်မှာ မတည်ငြိမ်ဘူးလို့ သုံးသပ်ကြပါတယ်။ ဘေလီဟာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှာ ပေါင် ၄ ဒသမ ၄ သန်းနဲ့ ဗီလာရီးရဲလ်ကို ပြောင်းရွှေ့လာတာ ဖြစ်သလို အိုင်ဗရီကို့စ် ဗိုလ်စွဲတဲ့ အာဖရိကဖလား ပြိုင်ပွဲတိုင်းမှာ ဘေလီက ပါဝင်ကစားခဲ့ပါတယ်။ ပြင်သစ်လိဂ် ပဲရစ်စိန့်ဂျာမိန်းအသင်းက အီဗရာဟီမိုဗစ်ခ်ျဟာ မော်ရင်ဟို ပထမဆုံး ခေါ်ယူမယ့် ကစားသမားအဖြစ် သတင်းပြေးနေပေမယ့် အတည်ပြုချက် မရသေးဘူးလို့ မိုဗစ်ခ်ျက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up