A d v e r t i s e m e n t With Us

ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူဘုန်းကြီးတပါး ခေါင်းဖြတ်အသတ်ခံရ

ဓာတ်ပုံ - ရိုက်တာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဟိန္ဒူဘုန်းကြီးတပါး ဇွန် ၇ ရက်နေ့က ထပ်ပြီး သတ်ဖြတ်ခံရပါတယ်။ ဒီတကြိမ်လည်း မွတ်စလင် အစွန်းရောက်တွေရဲ့ သတ်ဖြတ်ခံရတယ်လို့ ယုံကြည်ရပြီး နိုင်ငံအနောက်ပိုင်းက ဂျနိုင်ဒါမြို့မှာ သတ်ဖြတ်ခံရတာပါ။ အသက် ၇၀ အရွယ် ဘုန်းတော်ကြီးတပါးဖြစ်ပြီး သူ့ရဲ့ကျောင်းအနီး ခေါင်းဖြတ်သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။ ဒီသတ်ဖြတ်မှုတွေကို လုပ်ဆောင်နေတယ်လို့ ယုံကြည်ရတဲ့ မွတ်စလင်အစွန်းရောက်တွေကို ဇွန်လ ၇ ရက်နေ့ ရဲတပ်ဖွဲ့က ဖြိုခွင်းမှုတခုအတွင်း အကြမ်းဖက်အဖြစ် ယုံကြည်ရသူ ၃ ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ပါတယ်။ ၂ ဦးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ ဂျေအမ်ဘီ မွတ်စလင်ဘာသာရေး အဖွဲ့အစည်းဝင်ဖြစ်ပြီး ကျန် ၁ ဦးကတော့ မကြာခင်က အမာဒီရာဗလီကို ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်သူလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အခုလို မွတ်စလင် အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီလကစပြီး လူ ၄၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အစိုးရကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အိုင်အက်စ် အကြမ်းဖက်လှုပ်ရှားမှု မရှိဘူးလို့ ပြောဆိုပေမယ့် အစိုးရ အတိုက်အခံတွေကတော့ အစိုးရဟာ အခုလို တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် တာဝန်ယူ ဖြေရှင်းမှု မရှိဘူးလို့ စွပ်စွဲကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up