A d v e r t i s e m e n t With Us

ကိုပါအမေရိကပြိုင်ပွဲ အိမ်ရှင် အမေရိကန် ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)

အမေရိကန်ပြည်ထောင်စုမှာ ကစားနေတဲ့ ကိုပါဖလားပြိုင်ပွဲ အုပ်စု က ပွဲစဉ်အဖြစ် အမေရိကန်နဲ့ ကော့စတာရီကာတို့ ဇွန် ၈ ရက်က ယှဉ်ပြိုင်ရာ အိမ်ရှင် အမေရိကန်က ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း ၉ မိနစ်မှာ ပင်နယ်တီကနေ တဆင့် ဒမ်ဆေးက အမေရိကန်အတွက် အဖွင့်ဂိုး သွင်းယူပါတယ်။ ဒီနောက် ၃၇ မိနစ်မှာ ဂျရတ်မီးဂျုန်း၊ ၄၂ မိနစ်မှာ ဘော်ဘီရှောဝုဒ်တို့က ဒုတိယနဲ့ တတိယဂိုး သွင်းယူပြီး ပထမပိုင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၈၇ မိနစ်မှာတော့ ဂရေဟမ်ဇူစီက စတုတ္ထမြောက်ဂိုးကို သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ကော့စတာရီကာက ဘောလုံးပိုင်ဆိုင်မှု အသာစီးရပေမယ့် အမေရိကန်က ဂိုးပေါက်ကန်သွင်းခွင့် အသာစီးရယူနိုင်ပါတယ်။ အမေရိကန်က ပထမပွဲစဉ်မှာ ကိုလံဘီယာကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားသလို ကော့စတာရီကာနဲ့ ပါရာဂွေးတို့က သရေကျထားပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် အမေရိကန်က ၂ ပွဲကစား၊ ၁ ပွဲနိုင် ၁ ပွဲရှုံးနဲ့ ၃ မှတ်ရရှိထားပါတယ်။ ကိုလံဘီယာနဲ့ ပါရာဂွေးတို့ကလည်း မကြာခင်မှာ ကစားဖို့ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up