နေတိုးအဖွဲ့ အကြီးဆုံး ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ် (ရုပ်သံ)

3.1K
နေတိုးအဖွဲ့ကြီးက ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေထဲမှာ အကြီးဆုံးပူးပေါင်းစစ်ရေးလေ့ကျင့်မှုကြီးအဖြစ် အနာကွန်ဒါ - ၁၆ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကြီးကို ဇွန် ၆ ရက်နေ့က ပိုလန်နိုင်ငံမှာ စတင်ကျင်းပနေပါတယ်။
ပိုလန်၊ အမေရိကန်နဲ့ တခြားနေတိုးအဖွဲ့ဝင်နိုင်ငံတွေက တပ်ဖွဲ့ဝင် စုစုပေါင်း ၃၁၀၀၀ ကျော်ပါဝင်ကြပြီး အခုနှစ်ရဲ့ နေတိုးထိပ်သီးညီလာခံ မကျင်းပခင် တလအလိုမှာ ဒီစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်တာပါ။
အခုနှစ်ရဲ့ နေတိုးထိပ်သီးညီလာခံကို ပိုလန်နိုင်ငံ၊ ၀ါဆောမြို့တော်မှာ ကျင်းပမှာဖြစ်ပြီး နေတိုးတပ်ဖွဲ့ဝင်တွေ ပိုလန်နိုင်ငံနဲ့ တခြားဘော်တစ်နိုင်ငံတွေမှာ အင်အားတိုးမြှင်ချသွားဖို့ကိစ္စကို အဓိကဆွေးနွေးကြနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေကဆိုပါတယ်။
အခုလို ရုရှားနဲ့နယ်စပ်နိုင်ငံတွေမှာ နေတိုးတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချနေတာဟာ ရုရှားနိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာကို ခြိမ်းခြောက်မှုလို့ ရုရှားနိုင်ငံက စွပ်စွဲနေတာပါ။
ရုရှားနိုင်ငံအနေနဲ့လည်း သူ့လုံခြုံရေးနဲ့ အချုပ်အခြာကို ကာကွယ်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်ရမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။
နေတိုးရဲ့ အနာကွန်ဒါပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို ၂၀၀၆ ခုနှစ်က စပြီး ၂ နှစ်တကြိမ်ကျင်းပလာခဲ့တာပါ။
အခုနှစ်ကတော့ နေတိုးအပေါ် စစ်ရေးအရခြိမ်းခြောက်မှုတွေကို နေတိုးတပ်ဖွဲ့ဝင်တွေရဲ့ တုံြ့ပန်မှုစွမ်းရည်ကို စမ်းသပ်ဖို့ ရည်ရွယ်ကျင်းပတာလို့ ဆိုပါတယ်။