Home
မြန်မာသတင်း
ငါးရံ့တ‌ကောင်‌ရဲ့ရင်‌ဖွင့်သံ ဆောင်းပါးအမှု ဒုတိယအကြိမ်စစ်ဆေး
DVB
·
June 7, 2016
13335692_615789551930296_9044491424008525582_n
13413033_615789525263632_8896109583293912918_n
တနင်္သာရီတိုင်းအ‌ခြေစိုက်‌ ဂျာနယ်‌ဖြစ်‌တဲ့ တနင်္သာရီဂျာနယ်‌ပါ ငါးရံ့တ‌ကောင်‌ရဲ့ ရင်‌ဖွင့်သံ ဆောင်းပါးရေးသားသူကို ပုဒ်‌မ ၅၀၀ အသ‌ရေဖျက်‌မှုနဲ့ တရားစွဲဆိုထားတဲ့အမှုကို ဇွန်‌လ ၇ ရက်‌‌နေ့က တနင်္သာရီတိုင်း ‌ရေဖြူမြို့နယ်‌တရားရုံးမှာ စတင်‌ကြားနာ စစ်‌‌ဆေးပါတယ်။ တရားစွဲဆိုထားတဲ့ တရားလိုဖြစ်‌သူ Delco သတ္တုတူး‌ဖော်‌‌ရေး ကုမ္ပဏီက လူမှုစီးပွား ပြည်‌သူ့ဆက်‌ဆံ‌ရေးတာဝန်‌ခံ ဦးဝင်းဦးကို မြို့နယ်‌တရားသူကြီး‌ရှေ့မှာ နှစ်‌ဖက်‌‌ရှေ့‌နေ‌တွေ စတင်‌စစ်‌‌ဆေး‌နေတာပါ။ တရားစွဲဆိုခံရသူ တရားပြိုင်‌ ‌ဆောင်းပါးရှင်‌ ဦး‌အောင်‌လွင်‌ (ကံ‌ပေါက်‌သား) မှ တရားခွင်‌ကို လာ‌ရောက်‌ကြားနာခဲ့ရပါတယ်‌။ မြို့နယ်‌ တရားသူကြီး ဦးထွန်း‌ကျော်‌က အဆိုပါအမှုကို ကြားနာ စီရင်‌ဆုံးဖြတ်‌မှာဖြစ်‌ပါတယ်‌။ အသ‌ရေဖျက်‌မှုနဲ့ စွဲဆိုခံထားရတဲ့ ငါးရံ့တ‌ကောင်‌ရဲ့ ရင်‌ဖွင့်သံ‌ဆောင်းပါကို  ‌မေလ ၉ ရက်‌‌နေ့က အပတ်‌စဉ်‌ထုတ်‌ တနင်္သာရီ ဂျာနယ်‌မှာ‌ဖော်‌ပြခဲ့တာပါ။ 13413033_615789525263632_8896109583293912918_nမေလ ၁၇ ရက်‌‌နေ့အ‌ရောက်‌မှာ‌တော့ Delco သတ္တုတူး‌ဖော်‌ ရေး ကုမ္ပဏီက တရားလိုက မြို့နယ်‌တရားရုံးမှာ ဦးတိုက်‌ တရားစွဲဆိုခဲ့ပါတယ်‌။ပထမရုံးချိန်းကို‌တော့ ‌မေလ ၂၄ ရက်‌‌နေ့က ကြားနာခဲ့ပြီး ‌ ဇွန်‌လ ၇ ရက်‌‌နေ့မှာ‌တော့ ဒုတိယရုံးချိန်းအ‌နေနဲ့စစ်‌‌ဆေး‌နေတာပါ။ သတင်းနှင့်ဓာတ်ပုံ - ကျော်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024