Home
မြန်မာသတင်း
မူဆယ်ဈေးအနီး မီးလောင်မှုဖြစ်၊ ဖုန်းဆိုင် လုယက်ခံရ
DVB
·
June 7, 2016
13240002_1714488935476964_3043752480631269081_n copy
13406858_1714488868810304_6339552244182799662_n
13394161_1714488858810305_2555922559764908637_n
13336012_1714488912143633_1972739042875174835_n
13327632_1714488895476968_8930577105523543149_n
13240002_1714488935476964_3043752480631269081_n
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ဈေးအနီး ကောင်းနောင်ရပ်ကွက်မှာ ဒီကနေ့မနက်က မီးလောင်မှုဖြစ်ပွားလို့ အိမ်ခန်းတချို့မီးထဲပါသွားပြီး  မီးလောင်မှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ မူဆယ်ဈေးမြောက်ဘက်က သွပ်မိုးထရံကာ အငှါးအိမ်ခန်းတခုမှာ ထမင်းချက်ရာကနေ မီးလောင်ခဲ့တာလို့ မူဆယ်မြို့မရဲစခန်း တာဝန်ကျ ရဲအုပ်အောင်ကိုမြတ်က ဒီဗွီဘီကို ပြောပါတယ်။ “မီးက လျှပ်စစ်ထမင်းအိုးတည်ရာကနေ အပူလွန်ကဲပြီးလောင်တာပါခင်ဗျ။ အဲဒီကနေ အိမ်ခန်း ၄ ခန်းဆက်ကူးသွားပြီး  ဆုံးရှုံးမှုတန်ဖိုးကတော့ ရဲစခန်းအနေနဲ့ ကျပ် ၉ သောင်းကျော်လို့ ခန့်မှန်းပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်လို့ ပထမမီးစလောင်တဲ့ အခန်းငှားနေသူ ကိုအောင်ဌေး  အသက် ၂၈ နှစ်ကို လောလောဆယ် ပုဒ်မ ၂၈၅ မီးပေါ့ဆမှုနဲ့ အရေးယူထားပါတယ်။” မီးလောင်စဉ် အနီးနားရှိနေတဲ့ မူဆယ်ဒေသခံ စိုင်းဆိုင်လျန်းကတော့ မီးလောင်လို့ ရုတ်ရုတ်သဲသဲဖြစ်နေချိန် အနီးက ဖုန်းဆိုင်တဆိုင် လုယက်ခံရတယ်လို့ပြောပါတယ်။ “မီးက မနက် ၉ နာရီ ၁၀ မိနစ်လောက်ကနေ ဆယ်နာရီခွဲလောက်မှာ ငြိမ်းသွားတယ်။ ကျနော်ရောက်သွားတော့ ၂ ခန်း ၃ ခန်းလောက် လောင်နေပြီ၊ ကျနော်လည်း အဲဒီနားက ဆွေမျိုးတွေရဲ့ ပစ္စည်းတွေ အပြင်ကို ကူသယ်ထုတ်ပေးနေတာ။ မီးလောင်နေတုန်း အဲဒီနားက ဖုန်းဆိုင်ထဲက တယ်လီဖုန်းတွေ အလုခံရတယ်လို့ ပြောတယ်။ ဘယ်လောက်ပါသွားလဲတော့ မသိဘူး” ရဲစခန်းကတော့ ဒီလုယက်မှုနဲ့ ပတ်သက်ပြီး တိုင်ကြားချက် တစုံတရာ လက်ခံရတာ မရှိဘူးလို့ ပြောပါတယ်။ ဓာတ်ပုံ -Zaai HomMain  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024