တူရကီတွင် ရဲကား ပစ်မှတ်ထား ဗုံးဖောက်ခွဲမှု အနည်းဆုံး ၁၁ ဦးသေ
တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်မြို့လယ်ခေါင်မှာ ရဲကားကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးသွားပါတယ်။
ဇွန် ၇ ရက် မနက်ပိုင်း ရုံးသွားရုံးတက်ချိန်မှာ ဗင်နစ်စီလာမှာ ရဲကားအနီးကို ဖြတ်သန်းသွားတဲ့ကားကို အဝေးထိန်းချုပ်စနစ်နဲ့ ဖောက်ခွဲလိုက်တာ ဖြစ်ပါတယ်။
လူ အနည်းဆုံး ၃၆ ဦး ဒဏ်ရာရသွားတယ်လို့လည်း အစ္စတန်ဘူလ်မြို့တော်ဝန်က ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီးတော့ သေနတ်သံတွေ ကြားရတယ်လို့လည်း သတင်းတွေမှာ ရေးပါတယ်။
ဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က တာဝန်ရှိတယ်ဆိုတာကိုတော့ ကြေညာခြင်း မရှိသေးပါဘူး။
တူရရီဟာ ကာဒစ်ရှ် ခွဲထွက်ရေးသမားတွေနဲ့ တင်းမာနေပြီး အိမ်နီးချင်း ဆီးရီးယား ပဋိပက္ခ ဖြစ်ပွားနေစဉ်မှာ တူရကီမှာ အကြမ်းဖက်မှုတွေ အရှိန်မြင့် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။