ချင်းမိုင်တွင် ကျောင်းကားနှင့် ဆန်အရက်ကားတိုက်၊ ၁၂ ဦး ဒဏ်ရာရ
ဇွန် ၇ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျောင်းသားတွေကို တင်ဆောင်လာတဲ့ ကားနဲ့ ဆန်အရက်တင်တဲ့ကား တိုက်မိတဲ့အတွက် ၁၂ ဦး ဒဏ်ရာရသွားပါတယ်။
ချင်းမိုင်ခရိုင် စန်စိုင်း ဆေးရုံက လမ်းဆုံမှာ မနက် ၇ နာရီခွဲက တိုက်မိခဲ့တာလို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။
ကျောင်းကားက ဒါရာအကယ်ဒမီ၊ ယူပါရပ်ခ်ျ ၀ီထယလိုင်ကျောင်းနဲ့ ချင်းမိုင် အသက်မွေးဝမ်းကျောင်း ကောလိပ်က ကျောင်းသားတွေကို တင်ဆောင်လာတာဖြစ်ပါတယ်။
မယ်ဟောင်ဆောင် ကားနံပါတ်တပ်ဆင်ထားတဲ့ ၆ ဘီးကားက အနောက်ကနေ ၀င်တိုက်လိုက်တာလို့ ဆိုပါတယ်။
ထရပ်ကားက လဲသွားသလို တိုက်မိတဲ့ အရှိန်ကြောင့် ကျောင်းသားကားက လမ်းဘေးက သစ်ပင်ကို ၀င်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ကျောင်းသား ၁၂ ယောက်လုံးကို စန်စိုင်းဆေးရုံ ပို့ဆောင်ပြီး ရသွားတဲ့ ဒဏ်ရာအနည်းငယ်ကို ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။
ထရပ်ကားက အရှိန် ပြင်းပြင်းနဲ့ မောင်းနှင်လာသလို ဒရိုင်ဘာက ကားကို မထိန်းနိုင်တဲ့ အတွက် တိုက်မိသွားတာလို့ ရဲတွေက ပြောပါတယ်။ ကားသမားကိုလည်း ထိန်းသိမ်းထားသလို မဆင်မခြင် မောင်းနှင်မှုနဲ့ တရားစွဲထားပါတယ်။