ကသာမြို့တွင် ကျပ် ၇၃ သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ အနောက်ဘက် ကသာအင်းတော်သွား ကားလမ်း လမ်းခွကျေးရွာအနီး မောင်းတံဂိတ်မှာ ဇွန် ၆ ရက်နေ့က ကျပ် ၇၃ သိန်းလောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ကသာ မူးယစ်တပ်စု ၆ က မောင်းတံဂိတ်ကို ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို ရပ်တန့်ရှာဖွေရာက ဖမ်းဆီးရမိခဲ့တာလို့ ကသာမြို့မရဲစခန်းက ပြောပါတယ်။
ငါးအိုးကျေးရွာက သိန်းဝင်းနဲ့ စိုးမိုးဝင်းတို့ စီးနင်းလာတဲ့ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာက ပန်းရောင်စိတ်ကြွဆေးပြား ၁၇၀၀ နဲ့ ဘိန်းဖြူ ၂၂ ဂရမ် လာလတန်ဖိုးကျပ် ၇၃ သိန်းဖိုးလောက် ဖမ်းဆီးရမိခဲ့တာပါ။
ဒီမူးယစ်ဆေးတွေဟာ ရှမ်းပြည်နယ် နယ်စပ် ငါးအိုးကျေးရွာကနေ ဗန်းမောက်ကို သယ်ယူမယ့် ပစ္စည်းတွေ ဖြစ်ကြောင်း သူတို့နှစ်ဦးက ထွက်ဆိုခဲ့တယ်လို့ ကသာမြို့မရဲစခန်းက ပြောပါတယ်။
မူးယစ်ဆေးတွေ လက်ဝယ်တွေ့ရှိမှုနဲ့ သူတို့နှစ်ဦးကို မူးယစ်တပ်စု ၆ ကသာမှ ဒုရဲမှူး ရန်နိုင်ထွန်းက တရားလိုပြုလုပ်ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။
သတင်းနှင့်ဓာတ်ပုံ - သီဟဆွေ (ကသာ)