A d v e r t i s e m e n t With Us

ယူရိုပြိုင်ပွဲဝင်ရန် အင်္ဂလန်အသင်း ပြင်သစ် ရောက်ရှိ

ဓာတ်ပုံ - အက်ဖ်အေ
အင်္ဂလန်အသင်း မန်နေဂျာ ရွိုင်းဟော့ဆန် (Roy Hodgson) နဲ့ ဘောလုံးသမား ၂၃ ဦးတို့ဟာ ယူရို ၂၀၁၆ ပြိုင်ပွဲ ကျင်းပမယ့် ပြင်သစ်နိုင်ငံကို မေ ၆ ရက်နေ့က ရောက်ရှိပါတယ်။ အင်္ဂလန်အသင်း တည်းခိုမယ့် ချန်တီလီ (Chantilly) မြို့က ဟိုတယ်ရှေ့မှာ  မြင်းစီးသမားတွေနဲ့ ဘင်ခရာတီးဝိုင်းအဖွဲ့က ကြိုဆိုကြပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့် ဇွန် ၁၁ ရက်နေ့မှာ အုပ်စု ဘီ အဖွင့်ပွဲအဖြစ် ရုရှားနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အုပ်စု ဘီမှာ အင်္ဂလန်၊ ရုရှား၊ ဆလိုဗက်ကီးယားနဲ့ ဝေလအသင်းတို့ ပါဝင်နေတာပါ။ အိမ်ရှင် ပြင်သစ်အသင်းကလည်း ယူရို ၂၀၁၆ ဘောလုံးပွဲ စတင်တဲ့ ဇွန် ၁၀ ရက်နေ့မှာ ရိုမေးနီးယားအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲကိုတော့ ဇူလိုင် ၁၀ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up