ကျောက်တံခါးတွင် ယာဉ်တိုက်မှုကြောင့် ၂ ဦးသေဆုံး၊ ၁၂ ဘီးယာဉ်မောင်းနှင်သူ ထွက်ပြေး
DVB
·
June 7, 2016
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၁၁၀ အနီးမှာ ဇွန် ၆ ရက်နေ့ ညနေပိုင်းက ၁၂ ဘီးယာဉ်နဲ့ ဆိုင်ကယ်တစီး တိုက်မှုဖြစ်ပွားခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသူ ၂ ဦးလုံး အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။
၁၂ ဘီး ဘောက်ဆာယဉ်မောင်းနှင်သူနဲ့ ယဉ်နောက်လိုက်တို့ ထွက်ပြေးတိမ်းရှောင် သွားလို့ ဖမ်းဆီးရမိရေးအတွက် ကျောက်တံခါး ရဲစခန်းက လိုက်လံစုံစမ်းနေပြီး သေဆုံးသူ နှစ်ဦးကို ကျောက်တံခါး ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
သတင်းဓာတ်ပုံ - Ko Thu Rein