A d v e r t i s e m e n t With Us

ဂစ်တာတီး အင်္ဂလိပ်သီချင်းဆိုပြသည့် အဘွားအိုရုပ်သံ ရေပန်းစား၊ ကြည့်ရှုသူ ၁ သိန်းကျော်ပြီ

အသက် ၆၆ နှစ် ထိုင်းအမျိုးသမီးက ဂစ်တာတီးပြီး အင်္ဂလိပ်သီချင်းဆိုပြတဲ့ အသံဖိုင်ဟာ အင်တာနက် လူမှုရေး ကွန်ရက် ဖေ့ဘွတ်ခ်ပေါ်မှာ ရေပန်းစားနေပါတယ်။ “ထမင်းစားပြီးပြီ၊ အဘိုးအဘွားတို့ရဲ့ ဘာသာဘာဝ ဂီတာလေးနဲ့ ဒီလိုလုပ်လိုက်ရမှ၊ ဒီလိုမှ မလုပ်ရင် သေလိမ့်မယ်၊ အမြဲလုပ်နေကြ”ဆိုပြီး Malinda Herman က သူ့ရဲ့ ဖေ့ဘွတ်ခ် ပေါ်ကို လွန်ခဲ့တဲ့ ၂၁ နာရီက တင်ခဲ့ပါတယ်။ ဒီရုပ်သံဖိုင်မှာ  ဂျော်နီတေးလောက်ဆန်ရဲ့ ဘာကြောင့်မင်းကို အရမ်းချစ်မိလဲဆိုတဲ့ သီချင်းကို အဘွားအိုက ဂစ်တာတီးပြီး သီဆိုခဲ့တာ ဖြစ်ပါတယ်။ သူတင်ထားတဲ့ဖိုင်ကို  ၁၂၈ ၉၇၅ ဦး ရှယ်လုပ်ခဲ့ပြီး မှတ်ချက်ပေးသူ ၂ သောင်းကျော်ခဲ့ပါတယ်။ ကြည့်ရှုသူ ၁ သန်းကျော်သွားပါတယ်။ ဒါအပြင် တခြား သီချင်းတွေကို သီဆိုထားတဲ့ ရုပ်သံဖိုင်တွေကိုလည်း သူရဲ့ ဖေ့ဘွတ်ခ်ပေါ်မှာ တင်ထားပါတယ်။ အဘွားအိုက ငယ်စဉ်က ဟော်တယ်နဲ့ တီးဝိုင်းတွေမှာ သီချင်းလိုက်ဆိုခဲ့ဖူးသလို ဂီတလောကမှာ  နှစ် ၄၀ လောက် အတွေ့အကြုံ ရှိတယ်လို့ သားဖြစ်သူ နွတ် ဒစ်သရဒ်ကို ကိုးကားပြီး  ထိုင်းရတ်သတင်းက ရေးပါတယ်။ ကိုယ်တိုင်လည်း သီချင်းစပ်ဆိုပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သူတဦးဖြစ်တယ်လို့လည်း သူ့သားက ပြောပါတယ်။ Hey Mom Bar - Live Music စားသောက်ဆိုင်ကိုလည်း ဖွင့်ထားတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up