Home
မြန်မာသတင်း
ကသာတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
June 7, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ အနောက်ဘက် ၈ မိုင်ခန့်အကွာ ကသာ-အင်းတော်သွား ကားလမ်းပေါ်မှာ ဇွန်လ ၆ ရက် နေ့လယ် ၁၂း၃၀ နာရီအချိန်လောက်က မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေး တပ်ဖွဲ့က လမ်းခွကျေးရွာအနီး မောင်းတံဂိတ်မှာ ဆိုင်ကယ်တစီးကို ရပ်တန့်ရှာဖွေရာ ပန်းရောင် စိတ်ကြွဆေးပြား ၁၇၀၀ နဲ့ ဘိန်းဖြူ ၂၂ ဂရမ် ကာလတန်ဖိုး ကျပ် ၇၃ သိန်းခန့် ဖမ်းဆီးရမိခဲ့တာပါ။ ဆိုင်ကယ်စီးလာတဲ့ ငါးအိုးကျေးရွာသား ဖိုးလုံး (ခ) သိန်းဝင်းနဲ့ ရေရှား(ခ) စိုးမိုးဝင်းတို့က  ရှမ်းပြည်နယ် နယ်စပ် ငါးအိုးကျေးရွာကနေ ဗန်းမောက်အထိ သယ်ယူမယ့်ပစ္စည်းဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဖိုးလုံးနဲ့ ရေရှားတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ပြစ်မှုဆိုင်ရာ ပုဒ်တွေနဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိတယ်လို့ ကသာမြို့မ ရဲစခန်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024