Home
မြန်မာသတင်း
စင်ကာပူဝန်ကြီးချုပ် မြန်မာနိုင်ငံကို ယနေ့ရောက်မည်
DVB
·
June 7, 2016
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ မြန်မာနိုင်ငံကို ဒီနေ့ အင်္ဂါနေ့ကနေ ကြာသပတေးနေ့အထိ သုံးရက်တာ တရားဝင် အလည်အပတ် ရောက်လာဖို့ ရှိပါတယ်။ ခရီးစဉ်အတွင်းမှာ ၀န်ကြီးချုပ် လီကို ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုမယ့် အစီအစဉ်အပြင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ခရီးစဉ်အတွင်းမှာ စင်ကာပူ-မြန်မာ အသက်မွေးဝမ်းကြောင်းသင်တန်း အင်စတီကျုတခုကို ထူထောင်တဲ့အကြောင်း တရားဝင် ကြေညာဖွယ်ရှိတယ်လို့ စင်ကာပူအခြေစိုက် Channel News Asia သတင်းအရ သိရပါတယ်။ အသစ်ထူထောင်မယ့် အင်စတီကျုဟာ အလယ်အလတ် အရည်အသွေးရှိတဲ့ အလုပ်သမား ၈၀၀ ကို နှစ်စဉ် လေ့ကျင့်ပေးမယ်လို့ ဆိုပါတယ်။ ဧည့်ကြိုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနဲ့ စီမံခန့်ခွဲမှုပညာ၊ အင်ဂျင်နီယာ ပညာရပ်တွေကို လေ့ကျင့်ပေးမယ်လို့ ဆိုပါတယ်။ စင်ကာပူဝန်ကြီးချုပ်နဲ့ ဇနီးတို့ရဲ့ တရားဝင် အလည်အပတ်ခရီးဟာ စင်ကာပူ-မြန်မာ သံတမန်ဆက်ဆံရေး ရွှေရတုကာလနဲ့လည်း တိုက်ဆိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024