လေးနိုင်ငံ ဖိတ်ခေါ်ပွဲ ဗီယက်နမ် ဗိုလ်စွဲ (ရုပ်သံဟိုက်လိုက်)
ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ AYA Bank Cup 2016 လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နဲ့ စင်ကာပူတို့ ဇွန် ၆ ရက် ညနေက ယှဉ်ပြိုင်ရာ ဗီယက်နမ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
သာမန် ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့အထိ ဂိုးမရှိသရေကျနေလို့ အချိန်ပို မိနစ် ၃၀ ဆက်လက်ယှဉ်ပြိုင်ရာမှာ ဗီယက်နမ်က အနိုင်ဂိုးတွေ သွင်းယူပြီး ဗိုလ်စွဲသွားတာ ဖြစ်ပါတယ်။