မြန်မာအသင်း ဟောင်ကောင်ကို ၃ ဂိုးပြတ်အနိုင်ရရှိ
AYA Bank Cup 2016 နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဒီနေ့ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ မြန်မာ့လက်ရွေးစင်အသင်းက ဟောင်ကောင်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပါတယ်။
ပြိုင်ပွဲတလျှောက် စိတ်ပျက်ဖွယ် ရလဒ်တွေကြောင့် ဖိအားဝင်နေတဲ့ မြန်မာအသင်းနည်းပြ မစ္စတာဂတ်အတွက်တော့ သက်သာရာရခဲ့တဲ့ပွဲဖြစ်ပါတယ်။
မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ သန်းပိုင်က ၂၂ မိနစ်၊ မောင်မောင်လွင်က ၇၄ မိနစ်နဲ့ ရဲကိုဦးက ၈၉ မိနစ်တွေမှာ အသီးသီး သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေ့ညမှာပိုင်းမှာပဲ AYA Bank Cup 2016 နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဗီယက်နမ်နဲ့ စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။