ဆီးရီးယားတပ်က အိုင်အက်စ်ပစ်မှတ်များကို အပြင်းထန် ဗုံးကြဲတိုက်ခိုက် (ရုပ်သံ)

3.2K
ဆီးရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ အလစ်ပိုမြို့နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အိုင်အက်စ်အကြမ်းဖက်ပစ်မှတ်တွေကို ဇွန် ၅ ရက်နေမှာ ဆီးရီးယားစစ်တပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ရဟတ်ယာဉ်တွေနဲ့ စည်ပိုင်းဗုံးတွေ ကြဲချခဲ့တယ်လို့ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကပြောဆိုပါတယ်။
ဆီးရီးယားအစိုးရ ထိန်းချုပ်တဲ့နေရာတွေကို သူပုန်တွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆီးရီးယားအစိုးရပိုင် ရုပ်သံက ကြေညာပါတယ်။
ဇွန် ၄ ရက်နေ့ကလည်း အလားတူပစ်ခတ်မှုတွေအတွင်း လူ ၂၄ ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
အလစ်ပိုမြို့ဟာ ဆီးရီးယားစစ်စတင်ဖြစ်ပွားချိန်ကတည်းက သူပုန်ထိန်းချုပ်ဒေသနဲ့ အစိုးရထိန်းချုပ်ဒေသဆိုပြီး ၂ ပိုင်းကွဲနေခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဆီးရီးယားစစ် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့တယ်ဆိုပေမယ့် ဆီးရီးယားအစိုးရတပ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကတော့ အဆက်မပြတ်ရှိခဲ့ပါတယ်။