A d v e r t i s e m e n t With Us

ဒီရေတက်လာမှုကြောင့် ကမ်းထောင်းကြီးမြို့ အိမ်ခြေ ၃၀၀ ကျော် နစ်မြုပ်

မိုးဆက်တိုက်ရွာသွန်းမှုနဲ့ ဒီရေတက်လာတာကြောင့် ရခိုင်ပြည်နယ်၊ ကမ်းထောင်းကြီးမြို့ ကျေးရွာအချို့က နေအိမ် ၃၀၀ ကျော် ရေနစ်မြုပ်နေပါတယ်။ ဒီရေတက်လာတာကြောင့် ကမ်းထောင်းကြီးမြို့ အိုးတန်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ ရခိုင်ကုန်း၊ အချောင်းကန်၊ ရေနှုတ်ကန်၊ ရွာသစ်ချင်းချောင်း၊ တာဘိုသစ်ရပ်ကွက်အချို့နဲ့ ကျေးရွာအချို့မှာ ရေနစ်မြုပ်နေတာပါ။ တောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံသန်းဝင်းက "ကျနော်တို့ ရပ်ကွက်မှာ ဒီရေတက်လာရင်တော့ အိမ်တွေ အကုန်လုံးနစ်မြုပ်ပါတယ်။ ပြီးတော့ မိုးကလည်း ဆက်တိုက်ရွာချလိုက်တာ ပါတယ်ပေါ့လေ။ အဲ့တာကြောင့် နေအိမ်အလုံး ၃၀၀ ကျော်နစ်မြုပ်နေတယ်။ လပြည့်ခင် ၁၁ ရက်နေကတည်း နစ်နေတာပါ။ လပြည့်ကျော် သုံးလေး ရက်လောက် နစ်မြုပ်ပါတယ်။ ကျောင်းသူကျောင်းသားတွေ ကျောင်းတက်ရတာ အခက်အခဲ တွေ့ကြုံရတယ်” လို့ ပြောပါတယ်။ အခုလို မိုးကြီးပြီး ဒီရေတွေတာလာတာကြောင့် ရေတွေလမ်းမတွေပေါ်ကို ဖုံးလွှမ်းကာ ကားတွေ၊ ဆိုင်ကယ်တွေ၊ သွားလာရခက်ခဲတဲ့အပြင် ရပ်ကွက်နေတချို့မှာ နေထိုင်တဲ့သူတွေက အလုပ်လုပ်ရတာ အဆင်မပြေဘူးလို့ အိုးတန်းရက်ကွက်မှာနေထိုင်တဲ့ ကိုရွှေသာအောင်က ပြောပါတယ်။ “အခုလို နစ်မြုပ်နေတော့ လူတွေအကုန် အခက်အခဲဖြစ်တာပေါ့။ တခုခုသွားမယ်ဆိုရင်လည်း လှေနဲ့သွားရတယ်။ ကျောင်းသူကျောင်းသားတွေဆိုရင် မနက်စောကြီးထပြီး ကျောင်းကိုလိုက်ပို့ရပါတယ်။ ရေစီးဖို့လမ်းကြောင်းမရှိတာ ပါတာပေါ့လေ။ ဒီရေတွေက ရွာထဲ၊ ရပ်ကွက်ထဲဝင်လာတယ်။ တကယ့်မိုးရာသီးရောက်လာရင်တော့ ဒီထက်ပိုဆိုးကုန်မယ်အနေ အထားရှိတယ်။” ကမ်းထောင်းကြီးမြို့မှာ အခုလို နှစ်စဉ် ရေကြီးရေလျှံမှုတွေ ဖြစ်နေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ သတင်းနှင့်ဓာတ်ပုံ -၀ဏ္ဏခွာညို  

A d v e r t i s e m e n t With Us

More News
Up