A d v e r t i s e m e n t With Us

သြစတြေးလျတွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး ရေကြီးရေလျှံမှု ဖြစ်ပွား (ရုပ်သံ)

သြစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက်မှာ ဇွန် ၅ ရက်နေ့က မိုးသက်လေပြင်းတွေ တိုက်ခတ်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ နယူးဆောက်ဝေးပြည်နယ် ကမ်းရိုးတန်းမြို့နယ်တွေမှာ မြို့ခံတွေ ကယ်ဆယ်ရေး စခန်းတွေမှာ ယာယီပြောင်းရွှေ့ နေထိုင်နေကြပြီး အိမ်ခြေ ၂၆၀၀၀ လောက်အထိ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ပြည်နယ်လျှပ်စစ်ဦးစီးဌာနက ပြောဆိုပါတယ်။ လျှပ်စစ်မီးပြတ်တောက်တဲ့ အိမ်ခြေတွေ တိုးမြင့်လာဦးမယ်လို့လည်း ပြောဆိုပါတယ်။ ဆစ်ဒနီမြို့မှာလည်း ရာသီဥတု ဆိုးရွားနေလို့ နိုင်ငံတကာလေဆိပ်ရဲ့ လေယာဉ်ပြေးလမ်း ၃ လမ်းမှာ ၂ လမ်းကို ပိတ်ထားခဲ့ရတဲ့အတွက် လေယာဉ်ခရီးစဉ်တွေလည်း ကမောက်ကမတွေ ဖြစ်နေပါတယ်။ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ကလာရောက်တဲ့ ကွမ်းတက်စ်လေကြောင်းလိုင်း လေယာဉ်တစီး ဆစ်ဒနီမြို့ပြင်က လေတပ်အခြေစိုက်စခန်းတခုမှာ ဆင်းသက်ခဲ့ရပါတယ်။ နယူးဆောက်ဝေးပြည်နယ်၊ အရေးပေါ်ကယ်ဆယ်ရေးဌာနကလည်း ကမ်းရိုးတန်းတလျှောက် မြေနိမ့်ပိုင်းနေထိုင်သူတွေ နေရာယာယီပြောင်းရွှေ့ဖို့ သတိပေး တိုက်တွန်းထားပြီး ပြောင်းရွှေ့ရေး အခက်အခဲရှိသူတွေကို လိုက်လံကူညီ ရွှေ့ပြောင်းပေးနေပါတယ်။ ဇွန် ၅ ရက်နေ့မှာလည်း ကမ်းရိုးတန်းတလျှောက် ရေဘေးသတိပေးချက်တွေကို ဆက်လက်ထုတ်ပြန်ထားပါတယ်။ သြစတြေးလျနိုင်ငံဟာ အခုလို ပြင်းထန်တဲ့ ရာသီဥတုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပြီး အပူပိုင်းမုန်တိုင်းတွေ၊ ရေကြီးရေလျှံမှုတွေ၊ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up