A d v e r t i s e m e n t With Us

တရုတ်အရှေ့ပိုင်း ကြောက်မက်ဖွယ် ဒီရေလှိုင်းရိုက်ခတ်၊ လူပေါင်းများစွာ ထွက်ပြေး (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဇီကျန်းခရိုင်၊ ဟန်ကျိုးမြို့က မြစ်ကမ်းပါး ရေတားတမံတခုမှာ ဇွန်လ ၅ ရက်နေ့က ပြင်းထန်တဲ့ ဒီရေလှိုင်းလုံးကြီးတွေ ရိုက်ခတ်မှုကြောင့် အနီးနားက လူပေါင်းများစွာဟာ ခြေကုန်သုတ် ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီနေရာဟာ မြစ်ကိုဖြတ်ပြီး တည်ဆောက်တာဖို့ထားတဲ့ Beauty Dam အမည်ရ ရေတားတမံတခုဖြစ်ပြီး လာရောက်လည်ပတ်သူတွေ ရှိနေခဲ့ကြတာပါ။ သူတို့ဟာ ဒီရေလှိုင်းလုံးကြီးတွေ မြင့်တက်လာခဲ့တာကို ကြည့်နေခဲ့ကြပြီး မျှော်လင့်မထားဘဲ တမံအပေါ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်ချိန်မှာတော့ ဒရောသောပါး ထွက်ပြေးခဲ့ကြတာကို တွေ့ရပါတယ်။ ရေလှိုင်းလုံးကြီးတွေဟာ ပြင်းပြင်းထန်ထန် ရိုက်ခတ်ခဲ့ပေမယ့် မြစ်ကမ်းတလျှောက် စည်းရိုးတွေ ကာရံထားခဲ့တာမို့ ကံကောင်းထောက်မစွာပဲ ဘယ်သူတဦးတယောက်မှ ထိခိုက်ဒဏ်ရာ ရရှိတာတွေ မရှိခဲ့ဘူးလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up