A d v e r t i s e m e n t With Us

ကလေးမြို့တွင် ထွန်စက်တိုက်မှုသဖြင့် ကလေးငယ် ၁ ဦးသေဆုံး

ဇွန်လ ၅ ရက်နေ့ ညနေပိုင်းက ကလေးမြို့ အနောက်ဘက်ကနေ မောင်းနှင်လာတဲ့ ထွန်စက်တစီးဟာ အရှိန်လွန်ပြီး လမ်းဘေးမှာ ဆိုင်ကယ်နဲ့ အတူရပ်နေတဲ့ ကလေးငယ်တဦးကို တိုက်မိခဲ့လို့ အခင်ဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။ ထွန်စက်နဲ့တိုက်ခိုက်မိခဲ့မှုကြောင့် ဆိုင်ကယ် ၁ စီး၊ သုံးဘီးဆိုက်တွဲ ၁ စီးနဲ့ လမ်းဘေး လေယာဉ်ကွင်းတိုက်တန်းက ထမင်းဆိုင်တခုရဲ့ ဈေးကောင်တာပါ ပျက်စီးခဲ့တယ်လို့ ထမင်းဆိုင်ပင်ရှင်က ပြောပါတယ်။ “ဖြစ်သွားတာတော့ အံ့သြစရာကြီးပါ။ ကလေးမိဘက ဆိုင်ကို ဝက်စာလာသယ်ရင်း လမ်းဘေးမှာ ကလေးနဲ့ ဆိုင်ကယ်ကိုခဏထားတုန်း ထွန်စက်က လမ်းဘေးဆင်းလာပြီး တိုက်မိတာ၊ ကုက္ကိုလ်ပင် တိုက်မိပြီး ရပ်သွားလို့ အပင်မရှိရင် အများကြီးတိုက်မိမှာ။” သေဆုံးသွားတဲ့ ကလေးငယ်ဟာ တပ်ဦးသီတာ ရပ်ကွက်မှာ နေပြီး အသက် ၈ နှစ်အရွယ်သာ ရှိသေးတဲ့ ပထမတန်း ကျောင်းသား ဖြစ်ပါတယ်။ ထွန်စက်မောင်းနှင်သူ အောင်မင်္ဂလာရပ်ကွက်နေ ကိုကျော်မင်းဦးကို တာဝန်ရှိ သူတွေက စစ်ဆေးမေးမြန်းနေပါတယ်။ သတင်းနှင့်ဓာတ်ပုံ - မင်းရဲစစ်နိုင်  

A d v e r t i s e m e n t With Us

More News
Up