၂၀၁၆ ခုနှစ် အမေရိကန်အလှမယ်သရဖူ ကိုလံဘီယာမယ် ဆွတ်ခူး (ရုပ်သံ)

ဇွန်လ ၅ ရက်နေ့ညပိုင်းမှာကျင်းပတဲ့ ၂၀၁၆ ခုနှစ် အမေရိကန်နိုင်ငံကိုယ်စားပြု အလှမယ်သရဖူရွေးချယ်ပွဲမှာ ကိုလံဘီယာပြည်နယ်ကိုယ်စားပြု အလှမယ် ဒက်ရှုနာ ဘာဘာက ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒီအလှမယ်ရွေးချယ်ပွဲအခမ်းအနားကို နီဗားဒါးပြည်နယ်၊ လာ့စ်ဗီးဂက်စ်မြို့မှာ ကျင်းပခဲ့တာပါ။
အခုနှစ်အတွက် အလှမယ်ဘွဲ့ရရှိသူ ဘာဘာကို ၂၀၁၅ ခုနှစ်အလှမယ်ဘွဲ့ရရှိသူ အိုကလာဟိုးမားပြည်နယ်ကိုယ်စားပြုအလှမယ် အော်လစ်ဗီးယား ဂျော်ဒန်က အလှ မယ်သရဖူကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အလှမယ်ပထမဆုကို ဟာဝိုင်ယီပြည်နယ်မှ ချယ်လ်ဆီးဟာဒန်နဲ့ ဒုတိယဆုကို တော့ ဂျော်ဂျီယာပြည်နယ်ကိုယ်စားပြုအလှမယ် အမ်မနီ ဒေးဗစ်စ်တို့က ရရှိခဲ့ကြပါတယ်။
အမေရိကန်အလှမယ် ရွေးချယ်ပွဲအခမ်းအနားကို မယ်စကြာဝဠာပြိုင်ပွဲကျင်းပတဲ့ အဖွဲ့အစည်းက ဦးစီးကျင်းပတာဖြစ်ပါတယ်။ မနှစ်က မယ်စကြာဝဠာပြိုင်ပွဲမှာ သရဖူမှားယွင်းပေးအပ်ခဲ့မှုတွေကြောင့် ဝေဖန်မှုတွေလည်း ရှိခဲ့တာပါ။
၂၀၁၅ ခုနှစ်မယ်စကြာဝဠာရွေးချယ်ပွဲမှာ အစီအစဉ်တင်ဆက်သူ စတိဗ်ဟာဗေး ဟာ သရဖူဘွဲ့ရရှိသူ ဖိလစ်ပိုင်နိုင်ငံမယ်ကို ကြေညာရမယ့်အစား ကိုလံဘီယာနိုင်ငံက ရရှိခဲ့တယ်လို့ မှားယွင်းကြေညာမိခဲ့တာပါ။