A d v e r t i s e m e n t With Us

ဘီဘီစီသတင်းထောက်ကို အလုပ်နှင့်ထောင်ဒဏ် ၃ လချမှတ်

မန္တလေး ချမ်းမြသာစည်‌တရားရုံးမှာ  တရားစွဲဆိုခံထားရတဲ့ ဘီဘီစီ မြန်မာပိုင်းသတင်း‌ထောက်‌ ကိုနေမျိုးလင်း (ခ) ကိုနေလင်းကို အလုပ်နဲ့ ထောင် ၃ လ ဒီနေ့ချမှတ်လိုက်ပါတယ်။ ၂၀၁၅ ခုနှစ်‌ မတ်‌လ ‌ကျောင်းသားသပိတ်မှာ တာဝန်‌ကျရဲဝန်‌ထမ်းတဦးနဲ့ ဘီဘီစီ သတင်း‌ထောက်‌ ကိုနေလင်းတို့ ရုန်းရင်းဆန်ခတ်‌ဖြစ်‌ပွားခဲ့ပြီး ရဲတပ်‌ဖွဲ့ဝင်‌မှာ မျက်‌ခုံးကွဲဒဏ်‌ရာ ရရှိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ ဒီအဖြစ်အပျက်အတွက် ရဲကို တာဝန်‌ဝတ္တရားထမ်း‌ဆောင်‌‌နေစဉ်‌ နာကျင်‌‌စေမှု  ပုဒ်‌မ ၃၃၂ နဲ့  သတင်းထောက်ကို တရားစွဲပြီး  တနှစ်‌‌ကျော်‌အကြာစစ်ဆေးပြီးမှာ အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up