A d v e r t i s e m e n t With Us

ကိုပါဖလား မက္ကဆီကို ၃ – ၁ ဥရုဂွေး (ရုပ်သံဟိုက်လိုက်)

အမေရိကန်နိုင်ငံမှာ ကျင်းပနေတဲ့ ကိုပါအမေရိကားဖလား အုပ်စု စီ ပွဲစဉ်အဖြစ် မက္ကဆီကိုနဲ့ ဥရုဂွေးတို့ ဇွန်လ ၆ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ရာ မက္ကဆီကိုက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲစဉ် ပထမပိုင်း ပြီးခါနီးမှာ ဥရုဂွေး ကစားသမား ဗက်ဆီနို နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရသလို ပွဲချိန် ၇၃ မိနစ်မှာလည်း မက္ကဆီကို ကစားသမား ဂွါဒါဒို နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။ မက္ကဆီကို အသင်းဟာ ဥရုဂွေးကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့် အသာစီး ရယူကစားသွားနိုင်ခဲ့ပါတယ်။ မက္ကဆီကိုအတွက် အဖွင့်ဂိုးကို ပွဲအစ ၄ မိနစ်မှာ ဥရုဂွေး ကစားသမားတဦး ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ရာက ရရှိခဲ့ပြီး ပထမပိုင်းမှာ မက္ကဆီကိုက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ပါတယ်။ ပွဲချိန် ၇၄ မိနစ်မှာ ဥရုဂွေးအတွက် ဂိုဒင်က ချေပဂိုး သွင်းယူပေးခဲ့ပေမယ့် မက္ကဆီကိုအတွက် အနိုင်ဂိုးတွေကို ၈၅ မိနစ်မှာ မားကွက်ဇ်နဲ့ မိနစ် ၉၀ မှာ ဟာရဲရားတို့က သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ မက္ကဆီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။ ဒီမနက်အစောပိုင်းကပဲ ကစားသွားတဲ့ အုပ်စု စီ တခြားပွဲစဉ်မှာတော့ ဗင်နီဇွဲလားက ဂျမေကာကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စု စီက တပွဲစီကစားအပြီးမှာတော့ မက္ကဆီကို ရမှတ် ၃ မှတ်နဲ့ အုပ်စုပထမ၊ ဗင်နီဇွဲလားလည်း ၃ မှတ်ရထားပေမယ့် ဂိုးကွာခြားချက်ကြောင့် အုပ်စု ဒုတိယနေရာမှာရှိပြီး ဂျမေကာနဲ့ ဥရုဂွေးတို့ကတော့ အမှတ်မရသေးဘဲ အုပ်စု တတိယနေရာနဲ့ စတုတ္ထနေရာ အသီးသီးမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up