A d v e r t i s e m e n t With Us

တရုတ်တွင် ထိတ်လန့်ဖွယ် လေဆင်နှာမောင်းကြီး မွှေနှောက်၊ ၁ ဦးသေ (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ခရိုင်၊ ၀မ်ချန်းမြို့မှာ ဇွန်လ ၅ ရက်နေ့က လေဆင်နှာမောင်း တိုက်ခတ်ခဲ့လို့ လူ ၁ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာတော့ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်တွေရဲ့ အမိုးတွေ လန်ပြီး ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို တွေ့ရပါတယ်။ လေဆင်နှာမောင်းဟာ ကတော့ပုံ မီးခိုးလုံးပုံသဏ္ဌာန်နဲ့ ၀မ်ချန်းမြို့ဆီ ဦးတည်ခဲ့တာကို တွေ့ရပြီး လူ ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး အသေးစိတ် အခြေအနေကို မသိရသေးဘူးလို့ ဒေသတွင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ၀မ်ချန်းမြို့နဲ့ အနီးတ၀ိုက်ဒေသတွင်း ရာသီဥတု အခြေအနေကိုတော့ လိမ္မော်ရောင်အဆင့် သတ်မှတ်ချက် ထုတ်ပြန်ထားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up