ကားဖြင့်အကြိမ်ကြိမ်တိုက်ပြီး ဈေးဆိုင်တန်းနှင့် ဆိုင်ကယ်များကို ဖျက်ဆီး (ရုပ်သံ)

5K
ဒီမြင်ကွင်းဟာ ဒေါသတကြီး တုံ့ပြန် ကလဲ့စားချေတဲ့ ဇာတ်ကွက်တခုလိုပါပဲ။
တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ရှီကျောင်း စီရင်စုနယ်မြေ၊ ဒေါင်လန်းဒေသမှာ အမျိုးသားတဦးဟာ နောက်ဖေးလမ်းကြား လမ်းသွယ်တခုထဲက ဆိုင်ကယ်တွေနဲ့ ဈေးတွန်းလှည်းတွေ၊ ဆိုင်တန်းတွေကို ကားနဲ့ အကြိမ်ကြိမ်တိုက်ခဲ့လို့ ပျက်စီးသွားခဲ့ရပါတယ်။
အဲဒီအဖြစ်အပျက်ဟာ ဇွန်လ ၂ ရက်နေ့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒေသတွင်းရဲတွေ ရောက်လာချိန်မှာမှ သူ့ကို ရပ်တန့်နိုင်ခဲ့တယ်လို့ စီစီတီဗွီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိုပါအမျိုးသားဟာ အနီးနားက မြင်မြင်သမျှ အရာတွေကို ကားနဲ့ အကြိမ်ကြိမ် ရည်ရွယ်ချက်ရှိရှိ အငြိုးတကြီး တိုက်ခိုက်ဖျက်ဆီးခဲ့တာကို တွေ့ရပါတယ်။
အနီးနားက လူတဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆိုင်တန်းတွေ ဒါဇင်နဲ့ချီပျက်စီးကာ ဆိုင်ကယ် ၂ စီးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါကားမောင်းသူလည်း လက်မောင်းမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရဲတွေက စုံစမ်းနေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။