A d v e r t i s e m e n t With Us

ပေါ်တူဂီအသင်းနှင့်အတူ ရော်နယ်ဒို လေ့ကျင့်ခန်းဆင်း

ဓာတ်ပုံ - ရိုက်တာ
ယူရို ၂၀၁၆ အတွက် ပြင်ဆင်နေတဲ့ ပေါ်တူဂီအသင်းမှာ စီရော်နယ်ဒိုလည်း ဇွန် ၅ ရက်နေ့က လေ့ကျင့်ခန်း ဆင်းနေပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အက်တလက်တီကို မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ရီးရဲလ်အသင်း ကစားသမား ရော်နယ်ဒိုနဲ့ ပီပီတို့ကို ပေါ်တူဂီအသင်း နည်းပြ ဖာနန်တို ဆန်းတော့စ်က ရက်တချို့ အနားပေးခဲ့ပြီး အခုမှ လေ့ကျင့်ကွင်းထဲ ပြန်ဝင်လာတာပါ။ ယူရိုပွဲမှာ ကစားမယ့် လူ ၂၃ ဦး စာရင်းကိုလည်း နည်းပြက နောက်ဆုံး အတည်ပြုထားပြီး ဖြစ်ပါတယ်။ လေ့ကျင့်ခန်းမစခင်မှာ ရှေ့တန်းကစားသမား နာနီက သူ့အနေနဲ့ အသင်းထဲက ကစားသမားတိုင်းနဲ့  တွဲကစားနိုင်သလို ရော်နယ်ဒိုနဲ့ တွဲကစားရတာ ပိုပြီး အဆင်ပြေတယ်လို့ ပြောပါတယ်။ ပေါ်တူဂီအသင်းဟာ ဇွန်လ ၈ ရက်နေ့ကျရင် လစ္စဘွန်းမှာ အက်စတိုးနီးယားအသင်းနဲ့ နောက်ဆုံး ခြေစမ်းပွဲ ကစားပြီးရင် ယူရို ၂၀၁၆ ပွဲစဉ်တွေအတွက် ပြင်သစ်နိုင်ငံကို ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းဟာ အုပ်စု အီးမှာ အိုင်ယာလန်၊ ဟန်ဂေရီ၊ သြစတြီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up