ရတနာဆိုင်ထဲဝင်ပြီး ပိုက်ဆံလုသည့် မျောက် (ရုပ်သံ)

2.5K
အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ထြာပရာဒေ့ရှ်ပြည်နယ်က ရတနာဆိုင်တဆိုင်ထဲကို မျောက်တကောင် ၀င်ပြီး ရူပီးငွေ တသောင်းလောက်ကို လုယူသွားတဲ့ အဖြစ်အပျက်တခု အရင်လက ဖြစ်ခဲ့တယ်လို့ ရဲအဖွဲ့က ဇွန် ၄ ရက်နေ့မှာ ပြောပါတယ်။
မေလ ၂၃ ရက်နေ့က ဂန်တာမြို့နယ်ထဲက စီရီ လာလီသာ ရတနာဆိုင်ထဲကို မျောက်တကောင်ဝင်ပြီး လုယက်ခဲ့ပုံကို စောင့်ကြည့်ကင်မရာ စီစီတီဗွီကလည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဆိုင်ဝန်ထမ်းတဦးက မျောက်ကို ဆိုင်အပြင်ဘက်မှာ သစ်သီး ကျွေးပြီး မကြာခင်မှာပဲ မျောက်က တခါးကိုဖွင့်ပြီး ငွေလက်ခံကောင်တာကို တန်းသွားပုံကို စီစီတီဗွီက ရိုက်ကူးထားပါတယ်။
ထိုင်ခုံမှာ ခဏထိုင်ပြီးနောက် မျောက်က ငွေစက္ကူတွေကို အံဆွဲထဲကနေ ထုတ်ယူပြီး ထွက်ပြေးသွားခဲ့ပါတယ်။
ဆိုင်အလုပ်သမားတွေက အဲဒီမျောက်ဟာ အရင်တခေါက်ကလည်း ဆိုင်ထဲဝင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အခုတကြိမ်မှာ အောင်မြင်သွားတာလို့ ဆိုပါတယ်။