A d v e r t i s e m e n t With Us

ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ချန်ပီယံ ဂျိုကိုဗစ်

ဓာတ်ပုံ - ရိုက်တာ
ဇွန် ၅ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပြင်သစ် အိုးပင်း တင်းနစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲမှာ ဆာဗီးယားတင်းနစ်သမား ဂျိုကိုဗစ်က ဗြိတိန်က မာရေးကို ၃ - ၆၊  ၆ - ၁၊  ၆ - ၂၊ ၆ - ၄ နဲ့ အနိုင်ရပြီး ဂရန်စလမ်း ဖလား ၄ ခုစလုံးကို ရရှိသူအဖြစ် မှတ်ကျောက်တင်နိုင်လိုက်ပါတယ်။ အရင်က ပြင်သစ်အိုးပင်း ဖိုင်နယ်ကို ၃ ကြိမ် တက်ခွင့်ရခဲ့ပေမယ့် ၃ ကြိမ်စလုံး ရှုံးခဲ့ဖူးတဲ့ ဂျိုကိုဗစ်အတွက် ပထမဆုံး ပြင်သစ်အိုးပင်း ချန်ပီယံ ဆုဖလားလည်း ဖြစ်ပါတယ်။ ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ်ဟာ ပွဲအစမှာ စိတ်လှုပ်ရှားခဲ့ပုံရပေမယ့် နောက်ပိုင်းမှာတော့ လက်စွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ အခုရလိုက်တဲ့ ဆုဖလားဟာ သူ့အတွက် ၁၂ ကြိမ်မြောက် ဂရန်စလမ်း ချန်ပီယံ ဖလားဖြစ်ပြီး ဖလား ၄ ခုစလုံးကို တချိန်တည်းရရှိတဲ့ အမျိုးသား တင်းနစ်သမားတွေထဲမှာ တတိယမြောက် ဖြစ်လာပါတယ်။ ၀င်ဘယ်တန်၊ ပြင်သစ်အိုးပင်း၊ အမေရိကန် အိုးပင်း၊ သြစတြေလျး အိုးပင်း ချန်ပီယံ ဖလားတွေကို သိမ်းကြုံးယူနိုင်တဲ့ ၈ ယောက်မြောက် တင်းနစ်သမား ဖြစ်လာပါတယ်။ မာရေးကတော့ အဖွင့်မှာ အကွက်ကျကျ ကစားနိုင်သလို ခံစစ်လည်း ကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဂျိုကိုဗစ်ကို မယှဉ်နိုင်ခဲ့ဘဲ ပထမဆုံး ပြင်သစ်အိုးပင်း ချန်ပီယံဖလားကို အရယူမယ့် အိပ်မက်ကို လက်လွှတ်လိုက်ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up