ရေကြီးရေလျှံမှုများကြားက ကျင်းပသည့် မင်္ဂလာပွဲ (ဓာတ်ပုံ)
တရုတ်နိုင်ငံအနှံ့ ပြီးခဲ့တဲ့ ရက်တွေတုန်းက မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့လို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် စုံတွဲတတွဲကတော့ သူတို့ရဲ့ မင်္ဂလာပွဲကို မိုးထဲရေထဲမှာပဲ ကျင်းပခဲ့ကြပါတယ်။
သူတို့ရဲ့ မင်္ဂလာပွဲကို တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်း၊ ဟဘေးခရိုင်ထဲမှာ ကျင်းပခဲ့တာပါ။
မိုးဟာ အဆက်မပြတ် ရွာနေခဲ့တာဖြစ်လို့ မူလက စီစဉ်ထားခဲ့သလို မကျင်းပဖြစ်တော့ဘဲ သတို့သမီးနေထိုင်ရာဒေသမှာ ခုလိုကျင်းပခဲ့ကြတာလို့ ဆိုပါတယ်။
ဒါပေမယ့် မင်္ဂလာပွဲကျင်းပတဲ့နေ့မှာလည်း မိုးတွေရွာ၊ ရေတွေကြီးခဲ့လို့ ဧည့်ပရိသတ်တွေကို ဧည့်ခံတဲ့ ခန်းမထဲထိ ရေတွေဝင်လာခဲ့ပါတယ်။
ဒါပေမယ့် လာရောက်ကြတဲ့ ဧည့်သည်တွေဟာ ဒူးလောက်ထိနက်တဲ့ ရေထဲမှာ အရာအားလုံးကို လျစ်လျူရှုပြီး သူတို့စုံတွဲရဲ့ မင်္ဂလာပွဲကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတာကို တွေ့ရပါတယ်။
ဓာတ်ပုံ - စီစီတီဗွီ