A d v e r t i s e m e n t With Us

တရုတ်တွင် အပျော်စီးစက်လှေ နစ်မြုပ်၊ ၁ ဦးသေ ၁၄ ဦး ပျောက်ဆုံးနေ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စိချွမ်းပြည်နယ်ထဲက ဘိုင်လုံ Bailong ရေအိုင်ထဲ ဇွန် ၄ ရက်နေ့က အပျော်စီးစက်လှေတစင်း နှစ်မြုပ်သွားခဲ့ပြီး ပျောက်ဆုံးနေသူ ၁၄ ဦးကို ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေက ဒီနေ့ ဆက်လက်ရှာဖွေနေကြပါတယ်။ စက်လှေပေါ် လူ ၁၈ ဦး လိုက်ပါသွားခဲ့ကြပြီး လောလောဆယ် ၄ ဦးကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံတင်ပို့ထားပါတယ်။ ကလေးတဦးရဲ့ ရုပ်အလောင်းကိုတော့ ကယ်ဆယ်ရေးတွေ ဆယ်ယူရရှိထားတယ်လို့ CCTV ရုပ်သံကဆိုပါတယ်။ ဒီနေ့မှာ ကယ်ဆယ်ရေးအဖွဲ့ဝင်အင်အား ထပ်ဖြည့်ခဲ့ပြီး ရေအောက်စုံစမ်းရှာဖွေရေးကိရိယာတွေလည်း အသုံးပြုရှာဖွေနေကြတာပါ။ စက်လှေတိမ်းမှောက်တဲ့အချိန်မှာ ရေအိုင်အတွင်း အပြင်းဆုံးလေတိုက်နှုန်းဖြစ်တဲ့ အဆင့် ၁၂ ကို ကျော်လွန်နေတယ်လို့လည်း ဒေသခံရေကြောင်း ဦးစီးအာဏာပိုင်တွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up