Homeသတင်းဓာတ်ပုံ
စစ်ကိုင်းက သံရည်ကြိုစက်၊ အစေခံ ခံတပ်နှင့် အင်္ဂလိပ်စစ်သချိုင်းတို့ကို ခရီးသွားစီမံလုပ်မည်
စစ်ကိုင်းက သံရည်ကြိုစက်၊ အစေခံ ခံတပ်နှင့် အင်္ဂလိပ်စစ်သချိုင်းတို့ကို ခရီးသွားစီမံလုပ်မည်
DVB
·
June 5, 2016
စစ်ကိုင်းမြို့ရှိ ကနောင်မင်းသားကြီး ထူထောင်ခဲ့တဲ့ သံရည်ကြိုစက်ရုံ၊ အင်္ဂလိပ် - မြန်မာ တတိယစစ်ပွဲကာလu အစေခံ ခံတပ် နဲ့ အင်္ဂလိပ်စစ်သင်္ချိုင်းတို့ကို ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအမံတရပ်အဖြစ် အကောင် အထည်ဖော်လုပ်ဆောင်ဖို့ တိုင်းအစိုးရက စီစဉ်နေပါတယ်။
ဇွန် ၂ ရက်က တိုင်းအစိုးရအဖွဲ့ဟာ စစ်ကိုင်းမြို့၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းနားမှာ တည်ရှိတဲ့ အစေခံ ခံတပ်၊ အစေခံခံတပ်အရှေ့ဘက်ရှိ အင်္ဂလိပ်စစ်သင်္ချိုင်းနဲ့ သံရည်ကြိုစက်ရုံတို့ကို ခရီးသွားအစီအမံဖြစ်အောင်လုပ်ဖို့ သွားရောက်လေ့လာခဲ့ကြတယ်လို့ တိုင်းအစိုးရ အင်တာနက်စာမျက်နှာမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြ ထားပါတယ်။