A d v e r t i s e m e n t With Us

အိုလံပစ်ပွဲတော် ကျင်းပမည့် ရီယိုမြို့ ကမ္ဘာ့ အသေပျောက် အများဆုံး မြို့တမြို့ဖြစ်

အိုလံပစ်ပွဲတော်ကို လက်ခံကျင်းပမယ့်  ဘရာဇီးလ်နိုင်ငံ ရီယိုမြို့ဟာ ကမ္ဘာမှာ လူအသေအပျောက် အများဆုံးမြို့တွေထဲက တမြို့အဖြစ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International  ရဲ့အစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။ အိုလံပစ်ပွဲတော်  ကျင်းပဖို့ ၂ လပဲ လိုတော့တဲ့အချိန်မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ရီယို ဒီ ဂျန်နဲရိုးမြို့မှာ ရဲအဖွဲ့ရဲ့ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။ အဓိက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း အိုလံပစ်ပွဲတော် ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက်  အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းမှုတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အဓမ္မ လုပ်အားပေးစေခိုင်းတဲ့ ကိစ္စ၊ လုပ်အားအပေါ် ခေါင်းပုံဖြတ်တဲ့ကိစ္စတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ရီယိုဒီ ဂျန်နဲရိုးမြို့မှာ ၂၀၀၇ ကနေ ၂၀၁၃ ခုနှစ်အထိ  ရဲအဖွဲ့ရဲ့ စစ်ဆင်ရေးတွေ အတွင်း လူသေဆုံးမှု အရေအတွက် ကျဆင်းခဲ့ပေမယ့် ဘရာဇီးလ် ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း ၄၀ ရာခိုင်နှုန်းနီးပါး ပြန်တက်လာတယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်က ကွန်ဖက်ဒရေးရှင်းဖလား ဘောလုံးပြိုင်ပွဲ ကာလတုန်းက ဆန္ဒပြသမားတွေကို ရဲအဖွဲ့က လူစုခွဲခဲ့ပုံတွေဟာ အကြမ်းဖက်မှု ဆန်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အိုလံပစ်ပွဲတော်ကို သြဂုတ် ၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ရီယိုဒီ ဂျန်နဲရိုးမြို့ဆီ ပရိသတ် သုံးသိန်းအထိ လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up