A d v e r t i s e m e n t With Us

အမေရိကန်တွင် စစ်ကားတစီး ရေထဲမျှောပါ၊ စစ်သား ၄ ဦးအလောင်း ပြန်တွေ့ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု တက်ဆက်ပြည်နယ်က Fort Hood တပ်စခန်းမှာ စစ်ကားတစီး မြစ်ရေထဲမျှောပါသွားပြီး၊ ပျောက်ဆုံးနေတဲ့ အမေရိကန် စစ်သား ၄ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး အမေရိကန်စစ်တပ်ကြီး တည်ရှိတဲ့ ဖော့ဟုပ် (Fort Hood) တပ်စခန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုနောက်ဆုံးပြန်တွေ့တဲ့ ရုပ်အလောင်းတွေနဲ့ပါဆိုရင် မြစ်ရေကြီးရေလျှံမှုအတွင်း သေဆုံးသူ အမေရိကန်တပ်ဖွဲ့ဝင်အားလုံး ၉ ဦး ရှိသွားပါတယ်။ ၃ ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ၂ တန်ခွဲရှိတဲ့ စစ်ကားမြစ်ရေနဲ့ ပါသွားပြီး မကြာခင်မှာပဲ တွေ့ရှိခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင် ၃ ဦးကတော့ လွတ်မြောက်ခဲ့ပြီး အခုတော့ Fort Hood ဆေးရုံကနေ ဆင်းသွားကြပြီဖြစ်ပါတယ်။ အမေရိကန်စစ်တပ်က သေဆုံးသူတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပေမယ့် ဘယ်သူဘယ်ဝါဆိုတာ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

A d v e r t i s e m e n t With Us

More News
Up